BEC-TERO TV

COVID-19 ဗိုင်းရပ်စ်သည် မျက်စိကိုကူးစက်နိုင်ကြောင်း သုတေသီများ အတည်ပြု

13 Oct 2020     1,322 Views


COVID-19 သည် အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သော်လည်း မျက်စိ ထဲသို့ပါ ကူးစက်နိုင်သည်ဟု ပညာရှင်များက မသင်္ကာဖြစ်ခဲ့ကြသည်။ ယခုအခါ သိပ္ပံပညာရှင်များတွင် တိုက်ရိုက်အထောက်အထားရှိနေပြီဖြစ်သည်။ ယင်းတွေ့ရှိချက်များသည် တရုတ်နိုင်ငံမှလူနာတစ်ဦးကို အခြေခံပြီး ယင်းလူနာသည် COVID-19 မှ ပြန်လည်သက်သာပြီးမကြာမီ ဆိုးရွားသောရေတိမ်ရောဂါဖြစ်လာခဲ့သည်။

ယင်းရေတိမ်ရောဂါကို ဆရာဝန်များက ခွဲစိတ်ကုသပေးခဲ့ပြီး မျက်စိတစ်သျှူးစမ်းသပ်မှုများတွင် COVID-19 အထောက်အထားများ ပြသခဲ့သည်။ အထက်ပါ ရောဂါကူးစက်မှုမှနေ၍ COVID-19 သည် အသက်ရှူလမ်းကြောင်းစနစ်အပြင် မျက်စိ တစ်သျှူးများကိုပါ ကူးစက်နိုင်ကြောင်း ပြသနေသည်ဟု JAMA Ophthalmology ဂျာနယ် အွန်လိုင်းတည်း ဖြတ်မှုတွင် ဆရာဝန်များက ပြောကြားသည်။

‘‘မျက်လုံးတွေဟာ COVID-19 ဗိုင်းရပ်စ် အဝင်၊ အထွက်ဖြစ်နိုင်တဲ့နေရာလို့ မသင်္ကာဖြစ်ခဲ့ကြပါ တယ်’’ ဟု အမေရိကန်ကူးစက်ရောဂါအသိုင်းအဝိုင်းမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာအေရွန်ဂလက်က ပြောကြားသည်။ ထို့ကြောင့် ကျန်းမာရေးလုပ်သားများက အကာအကွယ်မျက်မှန်များနှင့် မျက်နှာအကာ (Face Shields) များ ဝတ်ဆင်ကြခြင်းဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

တရုတ်လူနာသည် မျက်စိမှတစ်ဆင့် COVID-19 ကူးစက်ခံခဲ့ရသလားဆိုခြင်းကို ပြောရန်ဖြစ်နိုင် ကြောင်း၊ သို့ရာတွင် လေထဲမှ ဗိုင်းရပ်စ်အမှုန်အမွှားများ မျက်စိထဲဝင်ရောက်ခြင်း (သို့မဟုတ်) ဗိုင်းရပ်စ် များကပ်နေသောလက်ဖြင့် မျက်စိကို ထိကိုင်ခြင်းမှတစ်ဆင့် ကူးစက်ခြင်းလည်းဖြစ်နိုင်ကြောင်း ဒေါက်တာ အေရွန်က ပြောကြားသည်။

Ref : UPI 7 Day


13 Oct 2020     1,322 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS