BEC-TERO TV

ကျန်ရစ်သူမိသားစုကို ရုပ်အလောင်းမှားပေးသောဖြစ်ရပ် ဖြစ်ပွားခဲ့

13 Oct 2020     1,339 Views


ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုရတ်ထာနီစီရင်စုရှိ ဆေးရုံတစ်ခုတွင် ကျန်ရစ်သူမိသားစုကို ရုပ်အလောင်းမှားပြီးပေးလိုက်သောဖြစ်ရပ်တစ်ခုဖြစ်ပွားကြောင်း ဒေသအတွင်းမီဒီယာတစ်ခုက ဖော်ပြထားပါတယ်။ ဆွေမျိုးတစ်ဦး၏ပြောပြချက်အရ ဆေးရုံမှာသေဆုံးသွားသောအဖွားဖြစ်သူ၏ရုပ်အလောင်းကို ဘာသာရေးအရ အသုဘပြုလုပ်ရန် ဆေးရုံသို့ ကားနဲ့လာကြိုပြီး အိမ်ပြန်ခဲ့ ပါတယ်။

အိမ်ရောက်ခါနီးအချိန်မှာတော့ ရုပ်အလောင်းမှားပြီးပေးလိုက်တယ်လို့ ဆေးရုံကဖုန်းလှမ်းဆက်လာပါတယ်။ ထို့ကြောင့် အဖွားရုပ်အလောင်းအမှန်ကို ပြန်သွားယူဖို့ ချက်ချင်းကားပြန်လှည့်ပြီး ဆေးရုံသို့ပြန်သွားခဲ့ရပါတော့ တယ်။ ဤအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူများက မှားယွင်းဆောင်ရွက်ကြောင်းဝန်ခံပြီး ဆွေမျိုးများအား တောင်းပန်သွားခဲ့ပါတယ်။ ဆွေမျိုးတွေဘက်ကလည်း နားလည်ပေးပြီး အရေးမယူခဲ့ပါဘူး ။

အဲ့ညက တာဝန်ကျတဲ့ မှားပြီးပေးလိုက်တဲ့ ဆေးရုံဝန်ထမ်းကလည်း ဝန်ထမ်းအသစ်မို့လို့ အလုပ်အတွေ့အကြုံနည်းပါးနေတာလည်းပါတယ်လို့ ဆိုထားပါတယ်။ နောက်ထပ် ဒီလိုမျိုးအမှားအယွင်းမဖြစ်ရအောင် ပိုမိုသေချာဂရုစိုက်ပေးသွားမှာဖြစ်ပြီး၊ အထူးသဖြင့် ကွယ်လွန်သူ၏မျက်နှာကို သေသေချာချာအတည်ပြုပြီးမှသာ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူက ပြောကြားသွားခဲ့ပါတယ်။

#popolay #popolaytv #popolaynews


13 Oct 2020     1,339 Views




RELATED

Most Popular of International News

Most Popular of NEWS