BEC-TERO TV

၄၈ နှစ်ကြာမှ ငှားရမ်းသွားတဲ့ပစ္စည်း ပြန်လာအပ်သော ထူးထူးဆန်းဆန်းဖြစ်ရပ်

13 Oct 2020     1,333 Views


၄၈ နှစ်ကြာမှပြန်လာအပ်လည်း အချိန်မနှောင်းသေးဘူးတဲ့ နော်….။ နှစ် ၅၀ နီးပါးကြာ ငှားရမ်းသွားသောပစ္စည်း ပိုင်ရှင်ထံပြန်လာအပ်သော ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ မကြာသေးမီက အင်္ဂလန်နိုင်ငံ၊ ဟမ်ရှီယာမြို့ရှိ ဘေဆင်စတို့ခ်ဒစ္စကာဗရီစင်တာ စာကြည့်တိုက်မှ လွန်ခဲ့သောနှစ်ပေါင်း ၄၈ နှစ်တုန်းက ငှားရမ်းသွားသောစာအုပ်နှစ်အုပ်ကို မထင်မှတ်ဘဲ ပြန်လာအပ်သွားခဲ့သောသတင်းထွက်ရှိလာပြီး၊ ဒဏ်ငွေအားဖြင့်ပေးရရင် ဒေါ်လာ ၁၀၈၀၀ ကျသင့်တယ်လို့ ဆိုထားပါတယ်။

အဆိုပါစာကြည့်တိုက်က တောင်းပန်စာနှင့်အတူ စာအုပ်လာပြန်အပ်သွားသော “အန်ဒီ” ကိုကျေးဇူးတင်ကြောင်းနှင့် ယင်းသတင်းကောင်းတစ်ခုကို ဖေ့စ်ဘုခ်မှာတင်လိုက်ပါတယ်။ Thomas the Tank Engine ရဲ့ ၂၂ ကြိမ်မြောက်စာအုပ်ဖြစ်သော Small Railway Engines စာအုပ်နှင့် Learning With Colour Architecture စာအုပ်နှစ်အုပ်တို့ဖြစ်ပါတယ်။ ဤမျှော်လင့်မထားသောအဖြစ်အပျက်ကြောင့် စာကြည့်တိုက်ဝန်ထမ်းများ ဝမ်းသာစိတ်လှုပ်ရှားကြပြီး အလွန်ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

ထို့အပြင် ဒဏ်ငွေနဲ့ပတ်သက်ပြီးတော့ ယခုအချိန်မှာ စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဧပြီလကတည်းက ဒဏ်ငွေပေးဆောင်မှုကင်းလွှတ်ပေးထားကြောင်း၊ အချိန်ကြာမြင့်စွာငှားရမ်းသွားပြီး ပြန်လာအပ်ရန်လည်း မဝံ့မရဲဖြစ်နေကြသော တခြားသူများကိုလည်း ပြန်လာအပ်ပေးကြပါရန်၊ ၎င်းစာကြည့်တိုက်က အရေးမယူသည့်အပြင် ကျေးဇူးပါတင်ပေးသွားဦးမယ်လို့ အမှာစကားပြောကြားသွားခဲ့ ပါတယ်။

#popolaytv #popolay #popolaynews


13 Oct 2020     1,333 Views




RELATED

Most Popular of International News

Most Popular of NEWS