BEC-TERO TV

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ဒုတိယတမျိုးကို သမ္မတပူတင် အတည်ပြုချက်ပေး

15 Oct 2020     1,353 Views


ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ဒုတိယတမျိုးကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုချက်ပေးလိုက်တယ်လို့ သမ္မတပူတင်က ပြောပါတယ်။ "Novosibirsk's Vector သုတေသနဌာနက 'EpiVakKorona' အမည်ရှိ ကိုဗစ်ကာကွယ် ဆေးကို ဒီနေ့ မှတ်ပုံတင်လိုက်တာဖြစ်ပါတယ်။

ရုရှားအာဏာပိုင်တွေရဲ့ပြောဆိုချက်အရ ဒီဆေးကို ပထမ အကြိမ်အဖြစ် လူတွေကို ရာနဲ့ချီ အောင်မြင်စွာ စမ်းသပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အခု မှတ်ပုံတင်ပြီးတဲ့အချိန်မှာ တော့ EpiVakKorona ဆေးကို လူပေါင်း ၄ သိန်းအထိ စမ်းသပ်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ပထမ တမျိုးဖြစ်တဲ့ Sputnik-V ကို သမ္မတ ပူတင်က အတည်ပြုချက်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ သိပ္ပံပညာရှင်အသိုင်းအဝိုင်းကြားမှာတော့ ဒီဆေးတွေအပေါ် သံသယရှိနေပြီး သုတေသနပြုချိန် ၂-လ လောက်အတွင်း လူဒါဇင် အနည်းငယ်ကိုသာ စမ်းသပ် ထားတဲ့သဘောမျိုးဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်။ ။

Source: AP One


15 Oct 2020     1,353 Views




RELATED

Most Popular of International News

Most Popular of NEWS