BEC-TERO TV

ဧရာဝတီတိုင်းဒေသကြီး၌ ရှားပါးမျိုးစိတ်ဝင် ကြိုးကြာ ခေါင်းနီငှက်များ ရှာဖွေ ထိန်းသိမ်

21 Oct 2020     2,291 Views


ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် (၂) ခုတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ရှားပါး ငှက်မျိုးစိတ်ဝင် ကြိုးကြာ ခေါင်းနီငှက် အသိုက် (၁၁၅) ခုနှင့် အကောင်ပေါက် (၆၀) ကို မြန်မာနိုင်ငံသား ငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ရှာဖွေတွေ့ရှိ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မအူပင်မြို့နယ်နှင့် ဝါးခယ်မမြို့နယ်တွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ရာ၊ ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကြောင့် ကွင်းဆင်း သုတေသနလုပ်ငန်းများ အပြည့်အဝ လုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း ဒေသခံပြည်သူများ၏ ပူးပေါင်း ပါဝင်မှုကြောင့် မအူပင်မြို့နယ်တွင် ကြိုးကြာခေါင်းနီ အသိုက် (၁၉) ခု နှင့် အကောင်ပေါက်( ၃) ကောင်၊ ဝါးခယ်မမြို့နယ်တွင် အသိုက် (၉၆) ခု နှင့် အကောင်ပေါက် (၅၇) ကောင် ရှာဖွေတွေရှိခဲ့ခြင်း ဖြစ်သည်။

ရှာဖွေတွေ့ရှိထားသော ကြိုးကြာခေါင်းနီ အသိုက်နှင့် အကောင်ပေါက်များကို ဒေသခံများက ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း မြန်မာနိုင်ငံ သားငှက်ထိန်းသိန်းရေးအဖွဲ့ ငှက်သုတေသနနှင့် ထိန်းသိမ်းရေးတာဝန်ခံ ဦးသက်ဇော်နိုင်၏ ပြောပြချက်အရ သိရသည်။

MRTV


21 Oct 2020     2,291 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS