BEC-TERO TV

တပ်မတော် ရဟတ်ယာဉ်တစ်စီး KNU တပ်မဟာနယ်မြေတွင် ပစ်ခတ်ခံရ

23 Oct 2020     1,412 Views


ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကရင်အမျိုးသားအ စည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေသို့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ဖြတ်သန်းမောင်းနှင်လာသည့် တပ်မတော်ရဟတ်ယာဉ်ကို သတိပေးပစ်ခတ်ခဲ့ ကြောင်း KNU/KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထု ဝေါင်းက ပြောကြားသည်။

တပ်မတော်၏ Helicopter အား ပစ်ခတ်ကြောင်းကို KNUစစ်ဘက်က အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ သည်။ အောက်တိုဘာ ၁၇ ရက်တွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်မှဗျူဟာမှူး အောင်စိုးမင်းနှင့် အဖွဲ့သည် တောင်ငူ (တပခ စစ်ဌာနချုပ်)မှ ရှေ့တန်းနယ်စပ်တပ်စခန်း သို့ Helicopter ဖြင့် မဲပုံးလာ ရောက်ပို့ ဆောင်ခဲ့ရာ KNU တပ်စခန်းနှင့် အနီးဆုံးနေရာသို့ ရောက် ရှိခဲ့ခြင်း၊ အသိပေးအကြောင်း ကြားခြင်းမရှိဘဲ ဖြတ်သန်းလာ ခြင်းနှင့် လူထုအထိတ်တလန့်ဖြစ် စေခြင်းတို့ကြောင့် လုံခြုံရေးတပ် ဖွဲ့မှ မိမိကိုယ်ကိုယ် ကာကွယ်သောအားဖြင့် လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု KNU စစ်ဘက် ၏ သတင်းထုတ်ပြန်ချက်၌ ဖော် ပြသည်။

ဗိုလ်မှူးချုပ် မန်းရှာထုဝေါင်းက ‘‘သူတို့က ကျွန်တော်တို့ နယ် မြေကို ဖြတ်သန်းလာတာကိုး။ ဖြတ်သန်းလာတဲ့အခါကျတော့ ဘာမှတော့ အကျိုးအကြောင်းမပြောဘူး။ မပြောတဲ့အခါကျတော့ ကျွန်တော်တို့ နယ်မြေကရှိ တဲ့ လူထုတွေရော ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့တွေက စိုးရိမ်တာပေါ့ဗျာ။ တစ်ခုခုများ ဖြစ်မလားဆိုပြီးတော့ အဲဒီမှာရှိတဲ့ နယ်မြေခံ တပ်ဖွဲ့က နည်းနည်းတော့ သတိ ပေးပစ်ခတ်တာတော့ ရှိတာပေါ့’’ ဟု ပြောသည်။ ပစ်ခတ်မှုကြောင့် ကြီးကြီး မားမား ထိခိုက်မှုမရှိဟု သတင်း ကြားရကြောင်း၊ ကျည်စထိမှန်မှု ရှိမည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။

KNU/KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထုဝေါင်း ကမူ နောင်တွင် အလားတူဖြစ်စဉ်မျိုး မဖြစ်စေရန်အတွက် တပ်မတော်ဘက်က သွားလာစရာရှိပါ က ကြိုတင်အကြောင်းကြားပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။ ‘‘အခုဟာက ဟိုးအပေါ်က လာတယ်ဆိုတော့ သို့လောသို့ လော ကျွန်တော်တို့က အဲဒါ အမျိုးမျိုးသံသယရှိတယ်လေ။ အမျိုးမျိုး သံသယရှိတော့လာပြီးတော့ နယ်မြေကိုပဲ လေ့လာတာလား၊ ဒါမှမဟုတ် တစ်ခုခုများ ဗုံးစသည်အား ဖြင့်ပေါ့ဗျာ။ အဲဒီလိုများချမလား ဆိုပြီး စိုးရိမ်စိတ်တွေတော့ရှိတာပေါ့။

အဲဒီလို စိုးရိမ်စိတ်ရှိတဲ့အပေါ် မှာ အဲဒီမှာရှိတဲ့ နယ်မြေခံရဲဘော် တွေကလည်း ထိုက်သင့်သလို သတိပေးပြီးတော့ ပစ်ခတ်တာပေါ့ဗျာ’’ဟု ဗိုလ်မှူးချုပ် မန်းရှာ ထုဝေါင်းက ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ပြီး ကရင်သတင်းဌာန KIC က သတင်းဖော်ပြထားရာ KNLA တပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်ကို ပစ်ခတ်ပြီးနောက်ပိုင်းတွင် ရဟတ်ယာဉ်သည် ထိခိုက်မှုအနည်းငယ်ရှိခဲ့ပြီး အခြေစိုက်စခန်းသို့ မပြန် နိုင်ဘဲ ကျောက်ကြီးမြို့နယ် မူသဲဘောလုံးကွင်းတွင် ဆင်းသက်ရပ်နားခဲ့သည်ဟု ဖော်ပြခဲ့သည်။

ထို့အပြင် ရဟတ်ယာဉ်ပြင်ဆင်ရေး အတွက် တပ်မတော်အင်ဂျင်နီ ယာများ ရောက်ရှိနေပြီး ရဟတ်ယာဉ်လုံခြုံရေးအတွက် တပ် မတော်က အင်အား ၁၀၀နီးပါးဖြင့် ဆောင်ရွက်နေကြောင်း ဖော်ပြခဲ့ သည်။ KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ၂၀၁၂ တွင် အပစ်ရပ်စဲရေး လုပ်ဆောင် ပြီးနောက်ပိုင်း တပ်မတော်နှင့် တိုက်ပွဲများစွာ လျှော့ချနိုင်ခဲ့သော်လည်း KNU တပ်မဟာ(၅)နယ်မြေတွင် ပဋိပက္ခများ၊ တိုက်ပွဲဖြစ် ပွားမှုများ မကြာခဏရှိခဲ့သည်။

အောင်ဇော်ထွန်း/7 Day News

ဓာတ်ပုံ - Thoolei News


23 Oct 2020     1,412 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS