BEC-TERO TV

ကိုဗစ်ကာလအတွင်း ဂီတဖျော်ဖြေတင်ဆက်မှုပုံစံသစ်

23 Oct 2020     1,334 Views


လူအယောက် ၁၀၀ ခန့်ရှိသော ဂီတဖျော်ဖြေပွဲတစ်ခုမှာ အမြင်ဆန်းစေတဲ့ပုံရိပ်တစ်ခု တွေ့မြင်ခဲ့ကြရပါတယ် ။ ကိုဗစ်ကာလအတွင်း၌ ရောဂါကာကွယ်ရေးနှင့် ဂီတဖျော်ဖြေရေးအတွက် ဂီတပညာရှင်များရော ပရိသတ်များအပါ ဘောလုံးပုံသဏ္ဍာန်ရှိ ပလတ်စတစ်လေအိတ်ကြီးထဲဝင်နေပြီး ဖျော်ဖြေကြည့်ရှုရတဲ့ ဂီတပွဲတစ်ခု အမေရိကန်မှာကျင်းပသွားခဲ့ ပါတယ်။

အဆိုပါဂီတပွဲဟာ The Flaming Lips ဂီတအဖွဲ့မှ သူတို့ရဲ့ သီချင်းအယ်လ်ဘမ်အသစ် American Head သီချင်းခွေ မိတ်ဆက်ပွဲဖြစ်ပါတယ်။ လူအယောက် ၃၅၀၀ ခန့်ဆံ့သာ အိုကလာဟိုမာစီးတီးမြို့ရှိ ဂရိုင်တီရီယန်ခန်းမမှာ ပြုလုပ်ကျင်းပပြီး လူများခပ်ခွာခွာနေရန်အစီအမံနှင့် ကိုက်ညီအောင်လည်း လူအယောက်တစ်ရာသာ ကန့်သတ်ထားပါတယ်။

ဖျော်ဖြေပွဲအပြီးမှာ ကျေနပ်အားရသောအကြောင်းနှင့် ၂၀၁၉ မှာ ဒီလိုပုံစံမျိုးဖျော်ဖြေပွဲကျင်းပဖို့ စိတ်ကူးခဲ့ဖူးတယ်လို့ အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောထားပါတယ်။ ဒါပေမယ့် အဲ့အချိန် သူစိတ်ကူးထားတာက စင်ပေါ်မှာ သူတစ်ယောက်တည်းပဲ ပလတ်စတစ်လေအိတ်ကြီးထဲမှာ နေနေမယ်။ ကျန်တဲ့အဖွဲ့သားများနဲ့ ပရိသတ်တွေအားလုံးက ပုံမှန်ပဲ။

ဒါပေမယ့် ဒီနှစ်အစောပိုင်းမှာ အားလုံးမမျှော်လင့်ထားတဲ့ ကပ်ရောဂါကြီးကြောင့် အားလုံးဆိုင်းငံ့သွားရသလို အားလုံးလည်းပြောင်းလဲသွားတယ်။ အဲ့တွက်ကြောင့်လည်း ပွဲက အခုလိုတွေ့မြင်ရတဲ့ပုံစံမျိုးဖြစ်သွားရတယ်လို့ပြော ထား ပါတယ်။ လာအားပေးတဲ့ပရိသတ်တွေလည်း ဘေးပတ်ဝန်းကျင်ကလူတွေကိုအနှောက်အယှက်မဖြစ်ဘဲ အားရပါးရ အော်ဟစ်ခုန်က ပြုလုပ်နိုင်တာကိုကြည့်ပြီး သဘောကျလို့ ဒီလိုပုံစံမျိုးနဲ့ဖျော်ဖြေခဲ့တာ ၂၀၀၄ ခုနှစ်ကတည်းက စတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

#popolay #popolaytv #popolaynews


23 Oct 2020     1,334 Views




RELATED

Most Popular of International News

Most Popular of NEWS