BEC-TERO TV

ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်စေဖို့

23 Oct 2020     1,389 Views


 
သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ အဆီပိုတွေနဲ့ ဆဲလ်အသေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ဝက်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
 
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
 
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
 
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
 
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
 
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပါတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
 
- တစ်ပါတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
 
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
 
- နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးရပါမယ် ( နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။) 
 
- ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်
( ဥပမာ ရေကို များများသောက်တာမျိုး၊ အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားတာမျိုးပဲဖြစ်ပါတယ်။ )
 
ကဲဒီလောက်ဆိုရင် Popolay ပရိသတ်ကြီးလည်း ချွေးပေါက်လေးတွေ ကျဉ်းပြီး တင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ လုံလောက်တဲ့အချက်လေးတွေသိရပြီဆိုတော့ အခုပဲ ကြိုးစားပြီး လိုက်လုပ်ကြည့်ကြပါဦးနော်... 
 
Credit:
 

23 Oct 2020     1,389 Views




RELATED

Most Popular of Health Fix

Most Popular of Life Style