BEC-TERO TV

ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်းကို ဒီဇင်ဘာတွင် စတင်ဆောင်ရွက်မည်

26 Oct 2020     1,428 Views


ကိုရီးယား-မြန်မာစက် မှုဇုန်စီမံကိန်းကို လာမည့် ဒီဇင် ဘာတွင် စတင်ဆောင်ရွက်မည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန် ဇော်က ပြောသည်။ အာဆီယံဒေသအတွင်း အ ခြားနိုင်ငံတကာစက်မှုဇုန်များကို ယှဉ်ပြိုင်စွမ်းရှိသော ဇုန်တစ်ခု ဖြစ်လာစေရန် အခြေခံအဆောက် အအုံသာမက ရင်းနှီးမြှုပ်နှံသူအ တွက် ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပသည့် ကိုရီးယား-မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင် ညှိနှိုင်းမှုကော်မတီ အစည်းအဝေး တွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တည်ဆောက်ရေးလုပ်ငန်း တွေကို ဒီဇင်ဘာမှာ စတင်နိုင်ဖို့ စီစဉ်ထားပြီး KMIC အတွက် လို အပ်မယ့် အခြေခံအဆောက်အ အုံဖြစ်တဲ့ လမ်း၊ရေပေးဝေရေးနဲ့ လျှပ်စစ်ဓာတ်အားပေးရေးတို့ကို စက်မှုဇုန်ဝင်းအပြင်ထိ ရောက် အောင် တည်ဆောက်ပေးဖို့ အစီ အစဉ်တွေရှိပါတယ်’’ ဟု ဝန်ကြီး က ဆိုသည်။

လှည်းကူးမြို့နယ် ညောင် နှစ်ပင် စခန်းရှိ ဧက ၅၅၀ ကျော် တွင် အကောင်အထည်ဖော်မည့် စီမံကိန်းအတွက် အသေးစိတ် ဒီဇိုင်းရေးဆွဲပြီးဖြစ်ကြောင်းနှင့် ထို စီမံကိန်းသည် အလုပ်အကိုင်အ ခွင့်အလမ်းတစ်သိန်း ဖန်တီးပေး နိုင်မည်ဟု ဝန်ကြီးကဆိုသည်။ KMIC သည် ကိုရီးယား-မြန်မာ နှစ်နိုင်ငံအစိုးရကြား ပူး ပေါင်းဆောင်ရွက်သည့် နိုင်ငံတ ကာအဆင့်မီ စက်မှုဇုန်စီမံကိန်း တစ်ခုဖြစ်ပြီး ကိုရီးယားအစိုးရပိုင် Land and Housing ကော်ပိုရေး ရှင်း(LH)နှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

သတင်း - ထွန်းထွန်းမင်း/7 Day News


26 Oct 2020     1,428 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS