BEC-TERO TV

သီတင်းကျွတ်လပြည့်နေ့မတိုင်မီ ကြာပွင့်ပုံဆီမီးခွက်များ ပြုလုပ်ရောင်းချ

27 Oct 2020     1,787 Views


သီတင်းကျွတ်လ မီးထွန်းပွဲအတွက် ရိုးရိုးဆီမီးခွက်များကို ရောင်စုံစက္ကူများ အသုံးပြုကာ ကြာပွင့်ပုံဆီမီးခွက်များအဖြစ် ပုံဖော်ရောင်းချလျက်ရှိရာ အောက်တိုဘာလ တတိယအပတ်တွင် ရောင်းအားကောင်းမွန်လာကြောင်း သိရသည်။ ဆီမီးခွက်များကို ပုံဖော်ရောင်းချရာတွင် နှစ်မျိုးပြုလုပ်ရောင်းချကြသည်။

ရိုးရိုးကြာပွင့်ပုံ ဆီမီးနှင့်ရေမျောနိုင်ရန်အတွက် ပြုလုပ်ထားသော ဖော့ခံဆီမီးခွက်များအဖြစ် ပြုလုပ်ရောင်းချကြသည်။ ရေမျောပူဇော်မည့် ဆီမီးခွက်များအတွက် ဖော့ကိုကော်ဖြင့် ကပ်ထားသည်။ မန္တလေးမြို့ပေါ်တွင် ရောင်းချနေသော ဆီမီးခွက်များကို အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှ ဝယ်ယူရောင်းချကြသည်။ အလှမဆင်ရသေးသည့် ဆီမီးခွက်တစ်ခွက်လျှင် သယ်ယူစားရိတ် အပါအဝင် (၁၅)ကျပ်ဖြင့် ဝယ်ရသည်။

ကြာပန်းပုံအလှဆင်သည့် မှိုင်းကိုင်စက္ကူအရွက် တစ်ထောင်လျှင် ငွေကျပ် လေးသောင်းပေးရသည်။ ကြာပန်းပုံ ဆီမီးခွက် ရောင်းချခြင်းမှာ သီတင်းကျွတ်လတွင်သာ ပြုလုပ်ရောင်းချပြီး အခြားရက်များတွင် ကြေးဆင်းတုလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ကြာပန်းဆီမီးခွက် ပြုလုပ်ရောင်းချသူများမှာ ပန်းမပါသော ရိုးရိုးဆီမီးခွက်ကိုသာ ဝယ်ယူအသုံးပြုပြီး အများအားဖြင့် ရောင်စုံစက္ကူကို အသုံးပြုကာ လိုအပ်သလို အလှဆင်ကြသည်။

အလှဆင်ထားသော ကြာပွင့်ပုံ ဆီးမီးခွက်တစ်ခွက်လျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့် ရောင်းချကြသည်။ လက်ရှိကာလ သီတင်းကျွတ်လပြည့်မတိုင်မီ ကြာပွင့်ပုံဆီးမီးခွက်များ ပြုလုပ်ရောင်းချလျက်ရှိရာ ရောင်းအားကောင်းမွန်ကြောင်း သိရသည်။

တိမ်တမန် MDN


27 Oct 2020     1,787 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS