BEC-TERO TV

ရန်ကုန်တိုင်းရှိ ဆေးရုံကြီးများတွင် ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက်များ တပ်ဆင်သွားမည်

27 Oct 2020     1,308 Views


ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ခံရသည့်လူနာများတွင် ကျောက်ကပ်ဝေဒနာရှင်များပါ ပါဝင်သည့်အတွက် အဆိုပါလူနာများအဆင်ပြေစေရန် ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက်များကို ဆေးရုံကြီးများတွင် အောက်တိုဘာလကုန်၌ တပ်ဆင်သွားရန်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန သတင်းများအရ သိရပါတယ်။

လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး COVID-19 ကူးစက်လူနာများအတွက် အထူးကြပ်မတ်ကုသဆောင်(ICU) အသစ်တွင် ကျောက်ကပ်သွေးသန့်စင်စက်နှစ်လုံးကို အောက်တိုဘာ ၁၅ ရက်က တပ်ဆင်ပြီးဖြစ်ကာ နောက်ထပ် စက် သုံးလုံးကိုလည်း ယခုလကုန်တွင် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

COVID-19 ကူးစက်ခံရသည့် ကျောက်ကပ်ဝေဒနာရှင်များမှာ ပုံမှန်ကျောက်ကပ်ဆေးကြောမှုများ လုပ်ဆောင်ရန်လိုအပ်ပြီး အခြားဆေးရုံများသို့ ပို့ဆောင်ပေးရန် မဖြစ်နိုင်သောကြောင့် ၄င်းတို့ဆေးကုသမှုခံယူနေသော COVID-19 ကုသနေသည့်ဆေးရုံများ၌ပင် ကျောက်ကပ်သွေးသန့်စင်နိုင်ရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

MyanmaPlatform


27 Oct 2020     1,308 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS