BEC-TERO TV

မန္တလာသီရိ အားကစားကွင်း၌ COVID-19 ရောဂါ ကုသရေးဌာန (ချမ်းမြသာစည်မြို့နယ်) ဧရာဝတီစင်တာ တည်ဆောက်

29 Oct 2020     1,327 Views


မန္တလာသီရိ အားကစားကွင်း၌ COVID-19 အတည်ပြုလူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် COVID-19 ရောဂါ ကုသရေးဌာန (ချမ်းမြသာစည်မြို့နယ်) ဧရာဝတီ စင်တာအား ဧရာဝတီဖောင်ဒေးရှင်း၏ ကူညီလှူဒါန်းမှုဖြင့် အောက်တိုဘာလ (၂၆)ရက်နေ့မှ စတင်တည်ဆောက်လျက်ရှိသည်။

အဆိုပါ စင်တာတွင် COVID-19 အတည်ပြု လူနာ ဦးရေ (၁၀၀) စီထားရှိ နိုင်မည့် အဆောင်(၃)ဆောင် ဆောက်လုပ်သွားမည်ဖြစ်ပြီး COVID-19 ရောဂါ လက္ခဏာ မပြင်းထန်သည့် လူနာများအတွက် ခုတင်(၂၀၀) နှင့် အရေးပေါ် စောင့်ကြပ်ကြည့်ရှုနိုင်မည့် ခုတင်(၁၀၀)၊ စုစုပေါင်း ခုတင် (၃၀၀) လျာထား ဆောက်လုပ်လျက်ကြောင်း သိရှိရသည်။

ထို့အပြင် COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်ရန် Test and Care Centre တစ်ခုကိုလည်း ထားရှိသွားမည်ဖြစ်ကြောင်းနှင့် အဆောင်များအား (၁၀)ရက် အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ COVID-19 ရောဂါ ကုသရေးဌာန (ချမ်းမြသာစည်မြို့နယ်) ဧရာဝတီစင်တာအား မန္တလေးတိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ဧရာဝတီဖောင်ဒေးရှင်းမှ ရည်ရွယ် လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

MRTV


29 Oct 2020     1,327 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS