BEC-TERO TV

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အမျိုးသားသုံးဦးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

25 Nov 2020     5,201 Views


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက မသင်္ကာဖွယ်တွေ့ရှိသည့် ယာဉ်တစ်စီးအား စစ်ဆေးရာမှ အမျိုးသားသုံးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ ရက် ၁၄၀၀ ချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းမပေါ်တွင် နိုဝင်ဘာ ၂၄ ရက်၊ နေ့လယ် ၂ နာရီခန့်က မသင်္ကာယာဉ်တစ်စီး ရပ်နားထားကြောင်း သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မှာ ယာဉ်အမှတ်- 3Q... Suzuki အမျိုးအစား အနက်ရောင်ယာဉ်တစ်စီးဖြစ်ပြီး ယာဉ်၏ဘေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ အင်းဝအိမ်ရာနေသူများဖြစ်သည့် ယာဉ်ပိုင်ရှင် ဦးမြရွှေ၊ (၆၁)နှစ်၊ ယာဉ်မောင်း မျိုးကိုကို၊ (၂၈)နှစ်နှင့် ဖြိုးသူအောင်၊ (၂၉)နှစ်တို့ သုံးဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ဖြိုးသူအောင် လွယ်ထားသော အနက်ရောင် ဘေးလွယ်အိတ်အတွင်းမှ USA နိုင်ငံထုတ် 9mm ပစ္စတို အနက်ရောင်တစ်လက်၊ ကျည်အိမ်တပ်လျက် ၎င်းကျည် ၁၀တောင့်၊ မျိုးကိုကို လွယ်ထားသော အညိုရောင် ဘေးလွယ်အိတ်အတွင်းမှ ဂျာမဏီနိုင်ငံထုတ် .22 ပစ္စတို အဖြူရောင်တစ်လက်၊ ကျည်အိမ်တပ်လျက် ၎င်းကျည် ၁၂တောင့် ၊ ယာဉ်မောင်းဘေးတံခါးကြားမှ အရိုးအသွား ၁၉ လက်မရှိ စတီးရိုးတပ် တစ်ဘက်သွားဓါးဦးချွန် တစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့သုံးဦးကိုဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရသည်။

Tomorrow News Journal


25 Nov 2020     5,201 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS