BEC-TERO TV

ကားနေတဲ့ နားရွက်မကားအောင် ကော်အသုံးမပြုသင့်ကြောင်း ဆရာဝန်များက ပြော

26 Nov 2020     1,786 Views


လွန်ခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံရှိ Pre-Wedding ဓါတ်ပုံရိုက်သောအလှပြင်ဆိုင်တစ်ဆိုင်တွင် နားကားသောဧည့်သည်တစ်ယောက်ကို မကားအောင် ဆင်ကော်ဖြင့် အသုံးပြုကပ်နေတဲ့ ဗီဒီယိုကလစ်တစ်ခု အွန်လိုင်းမှာထွက်ရှိလာပါတယ်။ ၎င်းဟာ ဓါတ်ပုံထဲမှာ နားရွက်သေးသေးလေးပေါ်အောင် နားရွက်ကို နောက်အရေပြားနဲ့ကပ်အောင် ကော်ထည့်ပြီးပြုလုပ်ရတဲ့နည်းလမ်းပဲဖြစ်ပါတယ်။

ဒီသတင်းဟာ အွန်လိုင်းမှာပျံ့နှံ့သွားပြီးနောက် လူအများအပြားမှ မှတ်ချက်များစွာရေးသားထားတာတွေ့ရှိရပြီး၊ အရာဝတ္ထုများအတွက်သာအသုံးပြုရန်ပြုလုပ်ထားတဲ့ ဓါတုပစ္စည်းများပါဝင်တဲ့ဆင်ကော်ဟာ ခန္ဓာကိုယ်အရေပြားနဲ့တိုက်ရိုက်မထိတွေ့ရ၊ ထိတွေ့ပါက အရေပြားယားယံတာ၊ ဓါတ်မတည့်တာ၊ များများရှူရှိုက်မိလျှင် အသက်ရှူလမ်းကြောင်းဆိုင်ရာတစ်ရှူးများအဆိပ်ဖြစ်တာ အစရှိတဲ့ ကျန်းမာရေးထိခိုက်မှုများဖြစ်စေနိုင်တဲ့အတွက် အားလုံးလိုက်လံမပြုလုပ်ကြရန် သက်ဆိုင်ရာဆရာဝန်များ သတိပေးထားတာ တွေ့ရပါတယ်။

#popolay #popolaytv #popolaynews


26 Nov 2020     1,786 Views




RELATED

Most Popular of International News

Most Popular of NEWS