BEC-TERO TV

သန့်ရှင်းမျှတစွာစားသုံးခြင်း

14 Oct 2015     2,152 Views


သန့်ရှင်းမျှတစွာစားသုံးခြင်း
____________________

သန့်ရှင်းမျှတစွာစားသုံးခြင်းဆိုတာ ဓာတုဆေးများပါဝင်ခြင်းမရှိပဲ သဘာဝအတိုင်း စိုက်ပျိုး၊ မွေးမြူထားသော အစားအစာများကို မျှတစွာစားသုံးခြင်းပဲဖြစ်ပါတယ်။ သန့်ရှင်းမျှတစွာစားသုံးခြင်းကို အရွက်များများစာရမယ်လို့ အယူအဆမှားတတ်ကြပါတယ်။ အမှန်ဆိုရင်တော့ အာဟာရအုပ်စု၅စုမှာ ပါဝင်တဲ့ အသီးအရွက်၊ အသား၊ငါး၊ သစ်ဥသစ်ဖု၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး တို့ကိုမျှတစွာ ပုံမှန်စားသုံးရမှာပဲ ဖြစ်ပါတယ်။ ထိုအစာအုပ်စုတွေ ထဲမှာပါဝင်တဲ့ Carbohydrate၊ အဆီ၊ အရွက်နဲ့ အသီးအနှံများက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေပဲဖြစ်ပါတယ်။

သန့်ရှင်းမျှတစွာစားသုံးခြင်း၏ အကျိုးကျေးဇူးများ

သန့်ရှင်းမျှတစွာစားသုံးခြင်းက အဆီကျလိုသူများကိုလည်း အထောက်အကူဖြစ်စေပါတယ်။ သန့်ရှင်းမျှတစွာစားသုံးကာ အားကစား အနည်းငယ်ပြုလုပ်ရုံမျှဖြင့် အဆီကျကာ ခန္ဓာကိုယ်အလေးချိန်လျော့စေပြီး ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ အစာအာဟာရများ မျှတစွာစားသုံးပါက အစားအစာများတွင် ပါဝင်သော အမျှင်ဓာတ်ကြောင့် ၀မ်းကိုပုံမှန်သွားစေပြီး ၀မ်းချူပ်ခြင်း၊ ဗိုက်ပူခြင်းများကိုလည်း သက်သာစေပါတယ်။ 
အပြင်မှာရောင်းချနေတဲ့ အစားအသောက်များကို အမြဲဝယ်ယူစားသုံးခြင်းထက် တစ်ပတ်ကို ၄ရက်လောက် အိမ်မှာမိမိကိုယ်တိုင် သန့်ရှင်းစွာချက်ပြုတ်စားသောက်ခြင်းက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်စေရုံ သာမက ပိုက်ဆံအကုန်အကျလည်း သက်သာစေတာမို့ သန့်ရှင်းမျှတစွာစားသုံးပါလို့ အကြံပေးလိုက်ပါရစေ။


14 Oct 2015     2,152 Views




RELATED

Most Popular of Special or Others

Most Popular of Life Style