BEC-TERO TV

တင်းတိပ်များကို ပျောက်ကင်းစေသော ဓာတ်စာများ

06 Jan 2021     1,456 Views


တင်းတိပ်ဆိုသည်မှာ မျက်နှာပေါ်မှာ အများဆုံးဖြစ်ပေါ်တတ်သည့် အညိုရောင်အကွက်သေးလေးများသာဖြစ်သည်။ လက်များတွင်လည်း ဖြစ်ပေါ်တတ်သည်။ တင်းတိပ်ဖြစ်ပေါ်စေသည့် အကြောင်းရင်းများစွာ ရှိပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် တင်းတိပ်ဖြစ်ပွားနှုန်း ပိုများသည်။
 
          အမိုင်နိုအက်ဆစ်ဓာတ်များ ပါဝင်သော အစားအစာကို စားမိပါကလည်း တင်းတိပ်ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် အစားအစာကို ဂရုစိုက်စားပေးရမည်။
 
          တင်းတိပ်မဖြစ်ပွားစေရန်နှင့် တင်းတိပ်ရှိသောသူများလည်း တင်းတိပ်ပျောက်ကင်းသွားစေရန် ဗီတာမင်စီဓာတ်၊ ကယ်လ်ဆီယမ်၊ မီးစုန်း၊ သံဓာတ်၊ ဗီတာမင်အီးဓာတ်ပါသော အစားအစာများကို စားပေးရမည်။
 

၁။ ကီဝီသီး

          ကီဝီသီးထဲတွင် ဆယ်လူလို့စ်ဓာတ်၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ကယ်လ်ဆီယမ်၊ မီးစုန်း၊ ပိုတက်ဆီယမ်နှင့် သတ္ထုဓာတ်များ ကြွယ်ဝစွာ ပါဝင်သည်။
 
          ကီဝီသီးထဲတွင် ပါဝင်သော ဓာတ်များကြောင့် အရေပြားကို ဖြူဖွေးလှပစေသည်။ အရေပြားပေါ်တွင် ရောဂါများ မဖြစ်ပွားစေရန် ထိန်းသိမ်းကာကွယ်ပေးနိုင်သည်။ တင်းတိပ်ကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်။ ထို့ကြောင့် ကီဝီသီးစားပေးပါ။
 

၂။ ခရမ်းချဉ်သီး

          ခရမ်းချဉ်သီးထဲတွင် ဗီတာမင်စီနှင့် အခြားဓာတ်များ ပြည့်ဝစွာ ပါဝင်သည်။ ခရမ်းချဉ်သီးကို စားပေးခြင်းဖြင့် တင်းတိပ်ကို ဖယ်ရှားပေးနိုင်သည်။ တင်းတိပ်ရှိသူများ ခရမ်းချဉ်သီးကို နေ့စဉ်ပုံမှန်စားပေးပါ။ တင်းတိပ်ကို သက်သာလာစေနိုင်သည်။
 

၃။ သံပယိုသီး

          သံပယိုသီးသည် တင်းတိပ်ကို ခုခံပေးနိုင်သော အသီးဖြစ်သည်။ သံပရိုသီးထဲတွင် ပါဝင်သော ဓာတ်များကြောင့် တင်းတိပ်ကို သက်သာပျောက်ကင်းစေနိုင်သည်။ ရေမချိုးခင် တင်းတိပ်များကို သံပယိုသီးဖြင့် ပွတ်ပြီးမှ ရေချိုးပါ။ သံပယိုသီးဖျော်ရည်သောက်ပါကလည်း အရေပြားနှင့် သွေးကြောများကို ကျန်းမာစေနိုင်သည်။
 

၄။ ပဲဝါ

          ပဲဝါထဲတွင် ပါဝင်သော ဗီတာမင်အီးဓာတ်ကြောင့် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေနိုင်သည်။ အရေပြားကို သန့်စင်စေနိုင်သည်။
 

၅။သခွားသီးဆန်ပြုတ်

          သခွားသီး၊ ဆန်၊ ဆား၊ ချင်းတို့ကို ရော၍ ဆန်ပြုတ်ဖြစ်အောင် ပြုလုပ်ပါ။ သခွားသီးဆန်ပြုတ်ကို စားပါက အရေပြားကို တောက်ပြောင်လှပစေနိုင်သည်။ အရေပြားပေါ်တွင် ဖြစ်သော ရောဂါများကိုလည်း သက်သာစေနိုင်သည်။
 
          တင်းတိပ်ပျောက်စေရန် ဆရာဝန်နှင့် ပြသ၍ ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သောက်သင့်ပါသည်။
 
 
Credit: 

06 Jan 2021     1,456 Views




RELATED

Most Popular of Health Fix

Most Popular of Life Style