BEC-TERO TV

ကမာရွတ်မြို့နယ်၌ ငွေကျပ် သိန်း ၃၀ ကျော်အား အွန်လိုင်းမှတစ်ဆင့် လိမ်လည်သူတစ်ဦး ဖမ်းဆီးရမိ

08 Jan 2021     1,400 Views


ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၁၀၂)၌ ရတနာ ပစ္စည်းများအား အွန်းလိုင်းမှ ရောင်းချနေစဉ် Htoo Htoo Htet Aung ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်က ငွေကျပ် ၃၃ သိန်းတန် စိန်နားကပ်တစ်ရန်အား ဒီဇင်ဘာ ၂၅ ရက်က KBZ Mobile Banking Account မှ ငွေလွှဲ၍ မှာယူခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၂၆ ရက်တွင် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူက Viber ဖြင့် ဆက်သွယ်လာပြီး Htoo Htoo Htet Aung အကောင့်ဖြင့် မှာယူထားသော စိန်နားကပ်အား မဝယ်ဖြစ်တော့ကြောင်းနှင့် ငွေကျပ် ၃၃ သိန်းအား ၎င်း၏အမေဖွင့်ထားသည့် Daw Thin Thin Htay အမည်ရှိ KBZ Mobile Banking Account နံပါတ်သို့ ပြန်လည်လွှဲပေးရန် ပြောဆိုသဖြင့် ကုမ္ပဏီသို့ မှာယူပြီးပစ္စည်း မယူတော့သည့်အတွက် ငွေကျပ် ၂၃၀၀၀၀ အား နုတ်ယူပြီး ကျန်ငွေကျပ် ၃၀၇၀၀၀၀ အား လွှဲပေးခဲ့သည်။ သို့သော် ဒီဇင်ဘာ ၂၇ ရက်တွင် Htoo Htoo Htet Aung အကောင့်ပိုင်ရှင်က ၎င်းမှာယူထားသော စိန်နားကပ် ရ၊ မရ ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူက ငွေကြေးလိမ်လည်ရယူသွားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၆)ရပ်ကွက် ကြိုးကြာ(၂)လမ်း အမှတ်(၁၂၆၁)နေ ဖြူသက်သက်ခိုင်(ခ)Phyu Khaing ဖြစ်ကြောင်း သိရှိရ၍ ၎င်းအား ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးစစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်း ငွေကျပ် ၃၀၇၀၀၀၀ အား ပြန်လည်သိမ်းဆည်းပြီး ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Yangon Police


08 Jan 2021     1,400 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS