BEC-TERO TV

အင်ဒိုနီးရှား၌ မြေပြိုမှုကြောင့် ၁၁ ဦးသေဆုံးပြီး ၁၄ ဦးပျောက်ဆုံး

11 Jan 2021     1,397 Views


အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် တွင် ယမန်နေ့က မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကာ ကျန် ၁၄ ဦး ပျောက်ဆုံးနေကြောင်း အင်ဒို နီးရှားသဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။ အနောက်ဂျာဗားပြည်နယ် ဆူမီဒန်ခရိုင် ဆီဟန်ဂျွန်ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ဒေသစံတော်ချိန် ညနေပိုင်း ၄ နာရီခန့်တွင် မြေပြိုမှုများဖြစ်ပွား ခဲ့ပြီးနောက် လူရှစ်ဦး နစ်မြုပ်ခဲ့ကြောင်း ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီ အကြီးအကဲ ဘူဒီဘူဒီမန်က ဆင်ဟွာသတင်း ဌာနသို့ ရှင်းလင်းပြောကြားသည်။

နစ်မြုပ်သွားသည့် လူရှစ်ဦးကို ကယ်တင် ရန် အခင်းဖြစ်သည့်နေရာ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် နောက်ထပ် မြေပြိုမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာမှ ကူညီ ကယ်ဆယ်ရေး လုပ်သားအများအပြား မြေအောက်တွင် ထပ်မံနစ်မြုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ထပ်မြေပြိုမှုမှာ ယင်းနေ့ ဒေသ စံတော်ချိန် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ရွှံ့ဗွက်နှင့် ကျောက်ခဲများအောက်တွင် နစ်မြုပ် သွားသော ကူညီကယ်ဆယ်ရေးလုပ်သားများ တွင် ဒေသဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲရေး အဖွဲ့ ခေါင်းဆောင်တစ်ဦးနှင့် ဆီမန်ဂုန်ခရိုင် ခွဲမြို့ရှိ တပ်စခန်းတစ်ခုမှ တပ်မှူးတစ်ဦးတို့လည်း ပါဝင်ကြောင်း ဘူဒီမန်က ပြောကြားသည်။ အဆိုပါ မြေပြိုမှုသည် မြေကြီးအနေ အထားကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကထပ်မံ ပြောကြားသည်။

ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့သည် မြေပြိုမှု၌ ပျောက်ဆုံးသူများအား ရှာဖွေရန် ကူညီကယ်ဆယ်ရေး လုပ်သား ၅၀၀ ခန့်ကို စက်ကြီး သုံးခုနှင့်အတူ အခင်းဖြစ်ပွားသည့် နေရာတွင် ဖြန့်ကြက်ထားပြီး ကူညီကယ်ဆယ် ရေးလုပ်များကို အရှိန်မြှင့်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - ဂျေတီ The Mirror


11 Jan 2021     1,397 Views




RELATED

Most Popular of International News

Most Popular of NEWS