BEC-TERO TV

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့(BGF) နုတ်ထွက်စာတင်

15 Jan 2021     1,461 Views


ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တခုလုံး တိုင်းစစ်ဌာနချုပ်ကနေတစ်ဆင့် နုတ်ထွက်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က စာတင်လိုက်တယ်လို့ BGF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်စစ်ရုံးက တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၅ ရက်နေ့မှာ လာရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း အစည်းအဝေးရှိတယ်လို့ BGF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း BGF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစောမိုသို နုတ်ထွက်စာတင်ခဲ့ပါတယ်။ ဗိုလ်မှူးစောမိုသို နုတ်ထွက်တာဟာ ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သတ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။

ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာရှိသလို တပ်မတော်ဘက်ကလည်း တွေ့ရှိချက်တွေကိုတင်ပြပြီး ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်သားတွေကိုလည်း အရေးယူဆောင်ရွက်ခဲ့သလို ပါဝင်ပတ်သက်တဲ့ နယ်ခြားစောင့်တပ်အဖွဲ့တွေရှိရင် စည်းမျဉ်းစည်းကမ်းတွေအရ ဆောင်ရွက်ရမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားတာပါ။

Photo credit


15 Jan 2021     1,461 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS