BEC-TERO TV

ပြည်တော်ပြန် တချို့၏ ဓာတ်ခွဲနမူနာများတွင် ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားနေသော COVID-19 မျိုးဗီဇအသစ် စစ်ဆေးတွေ့ရှိ

18 Jan 2021     1,619 Views


SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ တစ်ခုလုံးကို လေ့လာနိုင်ရန် ဓာတ်ခွဲနမူနာပေါင်း ၆၀ ကျော်ကို စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံမှ ပြန်လာသူများတွင် ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားနေသော မျိုးဗီဇအသစ်များ စစ်ဆေး တွေ့ရှိထားကြောင်း ဆေးသုတေသနဦးစီးဌာနမှ သိရသည်။ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် မျိုးဗီဇမှာ B 1.36 အမျိုးအစား ဖြစ်ကာ GH Stain ဟူ၍လည်းခေါ်သည်။

ပြည်ပနိုင်ငံဖြစ်သည့် ဂျော်ဒန်နိုင်ငံကလာတဲ့ အမျိုးအစားကတော့ ဂျော်ဒန် Stain အမျိုးအစားဖြစ်ပြီး အများကြောက်လန့်နေကြတဲ့ ယူကေအမျိုးအစား၊ နောက် တောင်အာဖရိကမှာ ဖြစ်နေတယ်ဆိုတဲ့ ပိုပြီးတော့ ကူးစက်မြန်တယ်ဆိုတဲ့ အမျိုးအစား မဟုတ်သေးကြောင်း သိရသည်။ လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနအနေဖြင့် နိုင်ငံအများအပြားတွင် ဗီဇပြောင်း COVID-19 ပိုးအသစ် တွေ့ရှိလာ၍ မျိုးဗီဇနွယ် (Leneage) စစ်ဆေးခြင်းနှင့် မျိုးဗီဇဆင်တူမှု (Genetic Clade) စစ်ဆေးခြင်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပုံစာ- ပြည်တော်ပြန်တချို့ အားလေယာဉ်ကွင်း၌တွေ့ရစဉ်


18 Jan 2021     1,619 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS