BEC-TERO TV

မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ်တဲ့ Demi lovato

26 Oct 2015     2,187 Views


အသက် (၂၂)နှစ်အရွယ်ရှိ အဆိုတော်ဒမ်မီလိုဗာတို့သည် အယ်လ်ဘမ်သစ် Confident မထွက်မီ တစ်ရက်အလိုတွင် နယူးယောက်မြို့ရှိ Wilhelmina Models မော်ဒယ် အေဂျင်စီနှင့် စာချုပ်ချုပ်ဆိုလိုက်ပြီး လက်တွဲလိုက်ခြင်းဖြစ်သည်။

‘‘ကျွန်မအတွက် ပထမဆုံး ဖြစ်တဲ့ ကြီးမားတဲ့မော်ဒယ်စာချုပ် ကို Wilhelmina နဲ့ချုပ်ဆိုဖြစ်ခဲ့လို့ ကြည်နူးဝမ်းသာရပါတယ်’’ဟု ဒမ်မီလိုဗာတိုက အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။
‘‘ဒမ်မီလိုက ခေတ်မီပြီး ယုံ ကြည်မှုနဲ့ ပင်ကိုစွမ်းရည်ရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ လက်တွဲခွင့်ရ လို့ ဝမ်းသာမိပါတယ်။ ဒမ်မီလိုဗာ တိုဟာ အောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်တစ်ဦးဆိုတာသိပြီး ဖြစ်ပါတယ်။ မော်ဒယ်လောကမှာ လည်း သူ့ရဲ့အောင်မြင်မှုကို ကျွန် တော်မျှော်လင့်ပါတယ်’’ဟု စီအီး အိုအဲလက်စ်ဗေးကက်စ်ကပြော သည်။
ဒမ်မီလိုဗာတို၏ ပဉ္စမမြောက်တေးအယ်လ်ဘမ် Confident သည် အောက်တိုဘာ ၁၆ ရက် တွင်ထွက်ရှိခဲ့ပြီး ယင်းအယ်လ်ဘမ်၌ တေးသီချင်းပုဒ် ၁၁ ပုဒ် ပါဝင်ပါသည်။


26 Oct 2015     2,187 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment