BEC-TERO TV

အီဂျစ်နိုင်ငံက ပိရမစ်ကြီးတွေရဲ့ လျှို့ဝှက်ချက်

26 Oct 2015     2,135 Views


အီဂျစ်နိုင်ငံက ပိရမစ်ကြီးတွေရဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့နိုင်ဖို့ ဆိုပြီး သိပ္ပံနည်းကျ အဆင့်မြင့် နည်းပညာသုံး စူးစမ်း ရှာဖွေမှု တွေ စတင် လိုက်ပြီ ဖြစ်ပါတယ်။ ဒီ စီမံကိန်းမှာ ပြင်သစ်၊ ဂျပန်၊ ကနေဒါ နဲ့ အီဂျစ် နိုင်ငံ အသီးသီးက သိပ္ပံ ပညာရှင် တွေ စုပေါင်း ပါဝင် ပြီး အနီအောက် ရောင်ခြည် သုံး ရှာဖွေရေး ကိရိယာ တွေ အပါအဝင် တခြား နည်းပညာမြင့် ပစ္စည်း ကိရိယာ တွေ အကူအညီ နဲ့ ပိရိမစ် ကြီး ၄ ခု ကို စူးစမ်း ကြမှာ ဖြစ်ပါတယ်။ သူတို့ အဓိကထား ရှာဖွေ ကြမှာ ကတော့ အဲဒီ ပိရိမစ် ကြီးတွေ မှာ တွေ့ မထား ရသေးတဲ့ လျှို့ဝှက် အခန်းတွေ များ ရှိနေသေးလား ဆိုတာနဲ့ ပိရိမစ် ကြီးတွေ ကို ဘယ်လို တည်ဆောက် ခဲ့သလဲ ဆိုတဲ့ အပေါ် ပိုပြီး အချက်အလက်တွေ ရရှိ ကာ သိမြင်နားလည် လာနိုင်ဖို့ ဖြစ်ပါတယ်။ BBC Burmese


26 Oct 2015     2,135 Views




RELATED

Most Popular of Special or Others

Most Popular of NEWS