BEC-TERO TV

အိမ်ထောင်သက် ၂ နှစ်အကြာ လမ်းခွဲလိုက်ကြတဲ့ Halle berry and Olivier martinez

03 Nov 2015     1,326 Views


အိမ်ထောင်သက် ၂ နှစ်အကြာ လမ်းခွဲလိုက်ကြတဲ့ Halle berry and Olivier martinez

                         အော်စကာဆုရ သရုပ်ဆောင်မင်းသမီး Halle berry နှင့် ခင်ပွန်းဖြစ်သူ ပြင်သစ်သရုပ်ဆောင်မင်းသား Olivier martinez တို့ ဇနီးမောင်နှံက အိမ်ထောင်သက် ၂ နှစ်အကြာတွင် တရားဝင်လမ်းခွဲကြောင်း ကြေညာခဲ့သည်။

                       အသက် (၄၉)နှစ်အရွယ်ရှိ Halle berry တို့ ဇနီးမောင်တို့ သည် ကွာရှင်းတော့မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် တရားဝင်ကြေညာခဲ့ခြင်းဖြစ်သည်။ ညှိနှိုင်း၍မရသော မတူကွဲပြားမှု များကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်ဟု TMZ.com ဝက်ဘ်ဆိုက် က ဖော်ပြခဲ့သည်။

                         ၂၀၁၃ တွင် လက်ထပ်ခဲ့ပြီး သားငယ်တစ်ဦး ထွန်းကားထားသည်။ Halle berry သည် အိုလီဗီယာမာတီးနက်ဇ်မတိုင်မီ အိမ်ထောင်နှစ်ဆက်ပြုဖူးသူဖြစ်၍ ယခုအကြိမ်မှာ တတိယအကြိမ် ကွာရှားပြတ်စဲခြင်းဖြစ်သည်။ ဟောလိဝုဒ်သရုပ်ဆောင် မင်းသမီး Halle berry ပါဝင် သရုပ်ဆောင်ထားသော Kidnap အမည်ရ သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကားကို လာမည့်နှစ်ဖေဖော်ဝါရီတွင် ရုံတင်ပြသမည်ဖြစ်သည်။


03 Nov 2015     1,326 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment