BEC-TERO TV

စန္ဒီမြင့်လွင်ရဲ့ Queen

02 Dec 2015     2,026 Views


စန္ဒီမြင့်လွင်ရဲ့ Queen

                  စန္ဒီမြင့်လွင် ရဲ့ စတုတ္ထမြောက်တစ် ကိုယ်တော်အခွေကို ‘Queen’ ဟု အမည်ပေးထားပြီး ဒီဇင်ဘာအ တွင်းဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။ ‘‘Queen ဆိုတာ မိန်းကလေးအားလုံးကိုပြောတာ။ အမျိုးသမီး တွေအကုန်လုံးက အရမ်းလှတဲ့ Queen တွေချည်းပဲလို့ ပြောချင် တာ’’ဟု စီးရီးအမည်နှင့် ပတ်သက်၍ စန္ဒီမြင့်လွင်က ပြောကြားခဲ့ပါသည်။အခွေမှာ သီချင်းစုစု ပေါင်း ၉ ပုဒ်ပါဝင်မည်ဖြစ်ပြီး ဒီ ဇင်ဘာ ၂၀ ရက်၌ စတင်ဖြန့်ချီမှာပါ။

                 ‘‘သီချင်းပုံစံတွေကတော့ အနှေးသီချင်းလေးတွေပါသလို အမြူးလေးတွေလည်းပါတယ်။ ကိုယ်တိုင်တစ်ပုဒ်လုံးရေးထား တာတော့မပါဘူး။ နည်းနည်းပါး ပါးဝင်ရေးထားတာတွေပဲပါမယ်’’ ဟု ၎င်းက ပြောသည်။ စန္ဒီမြင့်လွင် နှင့်အတူ Featuring အနေဖြင့် အားတီ၊ X-BOX နှင့် နီနီခင်ဇော် တို့ ပါဝင်ပြီး အွန်လိုင်းမှ ဖြန့်ချိ ထားသည့် ‘ချစ်နေတုန်းပဲ’ သီ ချင်းကို ဗားရှင်းပြောင်း၍ သီဆို ထားသည့် သီချင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ ၂၀၁၆ နှစ်ဆန်းတွင် ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရပါတယ်။


02 Dec 2015     2,026 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment