BEC-TERO TV

(ဒေါ်နယ်လ် ထရန့်မ်) ကိုဗြိတိန်ဝင်ခွင့်မပေးရေး စုပေါင်းလက်မှတ်ထိုးတောင်းဆိုမှုလက်မှတ်ပေါင်း ၂ သိန်းကျော်အထိရှိလာ

14 Dec 2015     1,573 Views


ရီပတ်ပလင်ကန်ဘက်က အမေရိကန်သမ္မတလောင်းဖြစ်လာဖို့ ရေပန်းစားနေတဲ့အမေရိကန် စီးပွားရေလုပ်ငန်း ရှင် ဒေါ်နယ်လ်ထရန့်မ် ကိုဗြိတိန်ဝင်ခွင့်ပိတ်ပင်ရေး စုပေါင်းလက်မှတ်ထိုးတဲ့လှုပ်ရှားမှုမှာ လက်မှတ်ပေါင်း(၂၃၀,၀၀၀)ကျော်ရရှိနေပြီဖြစ်တယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံအတွင်းကို မွတ်ဆလင်ဝင် ရောက်မှုတားမြစ်ဖို့ မစ္စတာ ထရန့်မ်က တောင်းဆိုပြီးနောက်မှာ ဗြိတိန်နိုင်ငံသားအချို့က သူကို ဗြိတိန်နိုင်ငံထဲဝင်ခွင့်မပေးရေးကို အခုလိုတောင်းဆိုနေကြတာဖြစ်ပါတယ်။တောင်းဆိုထားတဲ့ လက်မှတ်ပေါင်း တစ်သိန်း ကျော်ပြီဆိုရင် အဲ့ဒီတောင်းဆိုမှုကို စဉ်းစားဖို့ ဗြိတိန်လွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပြီး ဗြိတိန်အစိုးရက လည်း တရားဝင်စာထုတ်တုန့်ပြန်မှာဖြစ်ပါတယ်။


14 Dec 2015     1,573 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS