Viber မှာ မြန်မာစကားလုံးတွေနဲ့ပုံဖော်ထားတဲ့ စတစ်ကာများထည့်သွင်းပေးမည်
15 Dec 2015 1,650 Views

Viber တယ်လီနောမြန်မာနဲ့ Red dot တို့ပူးပေါင်းပြုလုပ်တဲ့ We love Myanmar အစဉ်ကို ဒီဇင်ဘာ ၁၄ ရက်က Park Royal ဟိုတယ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။We love Myanmar အစီအစဉ်မှာ မြန်မာလူမျိုးများကြား အသုံးများတဲ့ မြန်မာစကားလုံးတွေနဲ့ ပုံဖော်ထားတဲ့စတစ်ကာတွေကို Viber မှာထည့်သွင်းပေးထားမှာဖြစ်ပြီး ဒေါင်းလော့ရယူကာအသုံးပြုနိုင်မှာဖြစ်ပါတယ်။လာမယ့်ဇန်န၀ါရီလ(၄)ရက် လွတ်လပ်ရေးနေ့မှာ တယ်လီနော ကွန်ယက်နဲ့ချိတ်ဆက်တဲ့ Viber ကို နှစ်ပတ်ကြာအခမဲ့အသုံးပြုခွင့်ပေးထားမှာဖြစ်သလို We love Myanmar အစီအစဉ်ပါဝင်တဲ့ Viber စတစ်ကာတွေကိုလည်း အခမဲ့ရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။