လေယာဉ်တာယာ တည်ဆောက်ပုံအကြောင်း လေကြောင်းလိုင်း(၁၂)ခု ကို သင်တန်းပေး
16 Dec 2015 1,897 Views

အမေရိကန်လုပ် ဂွတ်ရီးယားလေယာဉ်တာယာ တည်ဆောက်ပုံ ၊ထိန်းသိမ်းပုံတွေနဲ့ ပတ်သက်ပြီးပြည်တွင်းပုဂ္ဂလိက လေကြောင်းလိုင်း(၁၂)ခုက အင်ဂျင်နီယာတွေကို အမေရိကန်အခြေစိုက် Wah Wah “၀ါဝါ” ကုမ္ပဏီကလာရောက်သင်တန်းပေးပါတယ်။သင်တန်းကိုတော့ နိုဗိုတယ် ဟိုတယ်မှာပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တစ်ရက်တည်းသာပို့ချခဲ့တာဖြစ်ပါတယ်။ဒီသင်တန်းမှာ Air Bagan, Air Mandalay, Air KBZ, Asian Wings, Gold Myanmar Airlines, Man Yadanarpon Airlines, Myanmar Airways International စတဲ့ လေကြောင်းလိုင်း(၁၂)ခု က အင်ဂျင်နီယာအယောက်(၃၀)တက်ရောက်ခဲ့ပါတယ်။ Wah Wah “၀ါဝါ” ကုမ္ပဏီဟာ ၁၉၉၂ ကတည်းက တည်ထောင်ထားတဲ့ အမေရိကန် အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။သူတို့အနေနဲ့ အခုလိုလေယာဉ် တာယာနဲ့ ပတ်သက်ပြီးသင်တန်းပေးလာတာ(၃)ကြိမ်ရှိပြီလို့သိရပါတယ်။







