BEC-TERO TV

မြန်မာပင်လယ်ပြင်မှာ ဂျယ်လီ ငါးများလာလို့ ငါးသယံဇာတတွေအတွက် စိုးရိမ်စရာဖြစ်

18 Dec 2015     1,576 Views


မြန်မာပင်လယ်ပြင်မှာ ဂျယ်လီ ငါးများလာလို့ ငါးသယံဇာတဆုံးရှုံးမယ့်အရေး စိုးရိမ်စရာကောင်းတယ်လို့ ပင်လယ်ဂေဟစနစ်လေ့လာဆန်းစစ်သူတွေကပြောပါတယ်။ပင်လယ်ပြင်ငါးဖမ်းဆီးမှုများလာတာ၊ ပင်လယ်ရေ ချိန်မြင့်တက်လာတာနဲ့ ပင်လယ်ရေအတွင်း နိုက်ထရိတ်ပါဝင်မှုတွေကြောင့် နှစ်နှစ်အတွင်း ဂျယ်လီငါးပေါက်ဖွားမှုမြင့်တက်လာတာဖြစ်ပြီးဒီဂျယ်လီငါးတွေကြောင့် ငါးမျိုးစိတ် နဲ့ငါးသယံဇာတတွေ ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေကပြောပါတယ်။မြန်မာ့ပင်လယ်ပြင်ဂေဟစနစ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်း နော်ဝေးနဲ့ မြန်မာနိုင်ငံက ပညာရှင်တွေပူးပေါင်းပြီး ရခိုင်၊ ဧရာဝတီ နဲ့တနင်္သာရီဒေသတွေက မြန်မာ့ပင်လယ်ပြင်မှာ ၅၁ ရက်ကြာ သုတေသန ပြုလုပ်ခဲ့ပြီးနောက်ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။


18 Dec 2015     1,576 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS