ရွှေ့ပြောင်းလုပ်သား(၇)ထောင်ကျော်မှာအလုပ်သမားအခွင့်အရေးမရရှိမှု(၇၃)ရာခိုင်နှုန်းရှိဟု ILO Myanmar စစ်တမ်းထုတ်ပြန်
22 Dec 2015 1,975 Views

ပြည်တွင်းက ရွှေ့ပြောင်းလုပ်သား (၇)ထောင်ကျော်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရအလုပ်သမား အခွင့်အရေး မရရှိမှု၊ အခွင့်အရေးအတွက် မရေရာတဲ့ သဘောတူညီမှုတွေနဲ့ ကြုံတွေ့နေရတဲ့ အလုပ်သမား ရာခိုင်နှုန်းဟာ (၇၃)ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ILO Myanmar ရဲ့စစ်တမ်းကောက်ယူမှုမှာဖော်ပြထားပါတယ်။ပြည်တွင်း ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ တိကျတဲ့အခွင့်အရေးသဘောတူညီမှုတွေ ရရှိဘဲ အဓမ္မ စေခိုင်းမှု၊ လူကုန်ကူးမှုတွေ ဖြစ်ပေါ်ခဲ့ရာမှာ အလုပ်သမားတွေအနေနဲ့ မိမိလုပ်ကိုင်မယ့် အလုပ်ကိုင်နဲ့ ပတ်သက်လို့ လေ့လာမှုအားနည်းတာကြောင့်လည်း ဖြစ်တယ်လို့ ILO မှ လူကုန်ကူးမှု ဆိုင်ရာတာဝန်ရှသူတစ်ဦးကပြောပါတယ်။







