BEC-TERO TV

ဝန်ကြီးရာထူးတောင်းဆိုသူများ ရှိနေပြီး ထိုသူများကိုပြတ်ပြတ်သားသား အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

06 Jan 2016     1,669 Views


ဝန်ကြီးရာထူး တောင်းဆိုသူများကို ပြတ်ပြတ်သားသားအရေးယူမည်ဖြစ်ပြီး အလုပ်လုပ်နိုင်သူ ကိုသာ ရွေးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ(၄)ရက်နေ့က (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှပြောကြားလိုက်ပါတယ်။ဝန်ကြီးရာထူးကို စာရေးတောင်းဆိုသူ များတွေရှိနေပြီး ဒီလူတွေကို အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါ။ဝန်ကြီးရာထူးဆိုတာ တာဝန်ပေးချက်အရ လုပ်ဆောင်ရတဲ့ ရာထူးဖြစ်ပြီးအလုပ်လုပ်ကိုင်နိုင်သူကိုပဲ ရွေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာပြောကြားခဲ့ပါတယ်။


06 Jan 2016     1,669 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS