BEC-TERO TV

အိန္ဒိယ အရှေ့မြောက်ဘက်မှာငလျင်လှုပ်ခတ်မှုမြန်မာနိုင်ငံဒေသအများအပြားသက်ရောက်မှုကြုံရ

06 Jan 2016     1,604 Views


အိန္ဒိယနိုင်ငံ အင်အား(၆.၇)မဂ္ဂနီကျူ့အဆင့် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့လို့ လူ(၅)ဦးသေဆုံးပြီး(၃၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ငလျင်ဟာ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း မနိဘူရပြည်နယ် မြို့တော်အင်ဖာရဲ့ အနောက်ဘက်(၁၈)မိုင်အကွာကို ဗဟိုပြုပြီး ဒီနေ့ နံနက် အိန္ဒိယစံတော်ချိန်(၄)နာရီ (၃၅)မိနစ်မှာလှုပ်ခတ်သွားတာဖြစ်ပါတယ်။ငလျင်ကြောင့် အင်ဖာမြို့တော်က အစိုးရအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့လည်း အိန္ဒိယအာဏာပိုင် တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး(CNN)သတင်း ဌာနကဖော်ပြထားပါတယ်။ငလျင်ကြောင့် လူ(၅)ဦးသေဆုံးခဲ့သလို(၃၃)ဦးဒဏ်ရာရရှိသွားပါတယ်။အင်ဖာမြို့တော် လူဦးရေ(၂)သိန်းခွဲနေထိုင်ပြီး အခုတော့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေပြီးလို့လည်းသိရပါတယ်။


06 Jan 2016     1,604 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS