BEC-TERO TV

မြန်မာဘာသာစကားကိုနိုင်ငံခြားဘာသာစကားအဖြစ်သင်ကြားရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံပြုလုပ်

11 Jan 2016     1,679 Views


မြန်မာဘာသာစကားကိုနိုင်ငံခြားဘာသာစကားအဖြစ်သင်ကြားရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံကို ဇန်န၀ါရီလ(၆)ရက်နေ့ (၇)ရက်အထိ ရန်ကုန် UFL မှာကျင်းနေတာဖြစ်ပါတယ်။မြန်မာဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားရေးဆိုင်ရာ နိုင်ငံတကာညီလာခံမှာ ပြည်တွင်း၊ပြည်ပက ဘာသာစကားတွေက မြန်မာဘာသာစကားနဲ့ ပတ်သက်တဲ့ စာတမ်းများကို ဖတ်ကြားဆွေးနွေးကြမှာဖြစ်ပြီး ဒီစာတမ်းတွေထဲမှာ ဘာသာစကား သင်ကြားမှု၊ သင်ယူမှုနဲ့ ပတ်သက်တဲ့အတွေ့ကြုံတွေလည်းပါဝင်မှာဖြစ်ပါတယ်။ဒါဟာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ညီလာခံလည်းဖြစ်ပြီး လက်ရှိမှာ နိုင်ငံပေါင်း(၃၀)ကျော်မှာ မြန်မာစာဌာနဆိုတာရှိပေမယ့် မြန်မာ ဘာသာစကားသင်ယူလေ့လာမှုက ကျယ်ကျယ်ပြန့်ပြန့်မရှိသေးပါဘူး။ဒါပင်မဲ့ လာမယ့် အနာဂတ်မှတော့ မြန်မာဘာသာ စကားသင်ယူမှုဒီထက်ကျယ်ပြန့်လာဖို့ ဒီညီလာခံကနေ မျော်လင့်နိုင်လာမယ်လို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(UFL) ပါမောက္ခချုပ်က ပြောပါတယ်။


11 Jan 2016     1,679 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS