BEC-TERO TV

မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်း (ရွှေကျောင်း) ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်

14 Jan 2016     1,725 Views


အမေရိကန် သံအမတ်ကြီးများရန်ပုံငွေနဲ့ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ တဲ့ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)ရဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဇန်န၀ါရီ(၁၀)ရက်က ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပါတယ်။စစ်ဆေးရာမှတော့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ရှိသူများ၊ သစ်သားအဆောက် အုံကျွမ်းကျင်ပညာရှင်များနဲ့ အခြားသက်ဆိုင်ရာတာဝန်ရှိသူများ ပညာရှင်များက ရွှေကျောင်းအတွင်းရှိသစ်စေးသုတ် ရွှေချစမ်းသပ်ဆောင်ရွက်ထားရှိမှုရွှေကျောင်း အနောက်ဘက်ခြမ်းဝရန်တာအပြင်တိုင်များမှ ဆွေးမြေ့ပျက်စီးသည့်တိုင်များအစားထိုး လဲလှယ်ရန်ပြင်ဆင်ထားရှိမှု၊ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးအားရှင်းလင်းပြောပြခဲ့ပါတယ်။


14 Jan 2016     1,725 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS