စားသုံးကာကွယ်ရေးဥပဒေရဲ့ ဆက်စပ်နည်းဥပဒေတွေထွက်မလာလို့ တရားမ၀င်ဆေးနဲ့ စားသောက်ကုန်တွေကို ထိန်းချုပ်ရခက်နေ
18 Jan 2016 2,036 Views

စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ ခုနှစ်ကတည်းကလွှတ်တော်ကနေပြဌာန်းလိုက် ပြီးဖြစ်ပေမယ့် လုပ်ထုံးလုပ်နည်း နည်းဥပဒေထွက်မလာလို့ တရားမ၀င်ဆေးနဲ့ စားသောက်ကုန်တွေကို ထိမ်းချုပ်ဖို့ အခက်ခဲဖြစ်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ ကျန်းမာရေးပညာရှင်တွေ ကထောက်ပြပြောဆိုလိုက်ပါတယ်။ဈေးကွက်ထဲမှာရှိနေတဲ့ ဓာတုဆေးဝါးပါဝင်တဲ့ အသား၊ ငါးနဲ့ အသီးအရွက်တွေကို အစား အသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန(FDA)အပါအ၀င် စားသုံးသူကာကွယ်ရေး အသင်းတွေနဲ့ ရှောင်တခင်စစ်ဆေးနေပေမယ့်ထိန်းချုပ်မရဖြစ်နေတယ်လို့ ပြောပါတယ်။ဒါဟာ တိတိကျကျအရေးယူနိုင်မယ့် နည်းဥပဒေပိုင်းတွေမရှိသေးလို့ ဆိုတဲ့အချက်ကိုထောက်ပြ ပြောဆိုလိုက်ပါတယ်။







