BEC-TERO TV

အမေရိကန် ပြည်ထောင်စု စံချိန်တင် အဆိုးရွားဆုံး နှင်းမုန်တိုင်း

26 Jan 2016     1,995 Views


                     အမေရိကန် ပြည်ထောင်စု သမိုင်း မှာ စံချိန်တင် ရလောက်အောင် အဆိုးရွားဆုံး နှင်းမုန်တိုင်း ဒဏ် ခံခဲ့ရတဲ့ အရှေ့ဘက် ကမ်းရိုးတန်း တလျှောက် က မြို့တွေ မှာ အခုဆိုရင် တော့ အခြေအနေ တဖြည်းဖြည်း ပြန်လည် ကောင်းမွန် လာ ပါတယ်။ နှင်းမုန်တိုင်း ကြောင့် ပြည်နယ်တွေ အနှံ့ သေဆုံးသူ စုစုပေါင်း အယောက် ၂၀ ကျော် ရှိခဲ့ ပါတယ်။

                     နယူးယောက် ပြည်နယ် အုပ်ချုပ် ရေးမှုးက ပြည်နယ်တွင်း တနေရာက တနေရာ ကူးသန်းသွားလာခွင့် ပိတ်ထားတာကို ရုတ်သိမ်း ပေးလိုက်ပါတယ်။ နယူးယောက် ပြည်နယ်သူ ပြည်နယ်သား တွေ ဟာ သူတို့ အိမ်ရှေ့ က ၃ ပေကျော် နှင်းထု ကြီး ကို ဖယ်ရှား ရှင်းလင်း နေကြ ပါတယ်။ စာသင်ကျောင်း တော်တော် များ တော့ အခု နောက် ၂ ရက် ၃ ရက် လောက် အထိ ပြန် ဖွင့် နိုင်ဦး မှာ မဟုတ် သေးပါဘူး။

BBC Burmese


26 Jan 2016     1,995 Views




RELATED

Most Popular of Special or Others

Most Popular of NEWS