BEC-TERO TV

Louis van Gaal အပေါ် မန်ယူပရိသတ်တွေ သည်းခံနိုင်ပါတော့မလား?

27 Jan 2016     1,374 Views


လက်ရှိ Premier League အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာရှိနေတဲ့ Manchester United ကတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး၊ ပရိသတ်အများဆုံး၊ ၀င်ငွေအကောင်း အသင်း ၄ သင်းအနက် တစ်သင်းဖြစ်ပါတယ်။ စစ်တမ်း ကောက်ခံ ချက်များအရ Manchester United နှင့်အတူ Real Madrid, Barcelona, Bayern Munich တို့ပါဝင်ပါတယ်။

တကယ်တမ်း မှာတော့ ရလဒ်များက အလွန်ဆိုးရွား နေပါတယ်။ ၀င်ငွေနည်းတဲ့ Leicester City အသင်းက အခုချိန်မှာတော့ Premier League ရဲ့အမှတ်ပေး ဇယားမှာဦးဆောင်နေပါတယ်။

Champion League မှာလည်းအုပ်စုအဆင့်လောက်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းမှာ Southampton အသင်းကိုလည်း (၁-၀) နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ကစားပုံဆိုးရွားလွန်းလို့ ပထမပိုင်းအဆုံးမသတ်ခင်မှာပဲ ပရိသတ်ပေါင်း ၇သောင်းကျော်ရဲ့ လောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ အခုလို အိမ်ကွင်းမှာ ရှုံးနိမ့်တာ ၂နှစ် ဆက်တိုက်ရှိပါပြီ။

“ပရိသတ်များတောင်းတနေတဲ့ရလဒ်ကို မပေးနိုင်လို့စိတ်ပျက်မိပါတယ်” Van Gaal က Media တွေကိုပြောကြားခဲ့ပါတယ်။

နည်းပြဟောင်း Moyes လက်ထက်ကထက် သုံးစွဲတဲ့စရိတ်အလွန်ပင်များပြားပြီး ရလဒ်ပိုင်းကတော့ ယခင်၂နှစ် ကထက်ဆိုးရွားလှပါတယ်။


27 Jan 2016     1,374 Views




RELATED

Most Popular of Football

Most Popular of Sport