BEC-TERO TV

ဒိုင်တွေရဲ့ မျက်နှာသာ ပေးခြင်းကို ခံရတဲ့ Chelsea

28 Jan 2016     1,368 Views


ယခုလက်ရှိမှာတော့ Chelsea က ရမှတ် ၂၃မှတ်နဲ့ အဆင့် ၁၃ နေရာအထိတက်လမ်းနိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ Premier League ပွဲစဉ် ၂၃ မှာလည်း Arsenal အိမ်ကွင်းမှာ (၀-၁) နဲ့အနိုင် ရရှိခဲ့ ပါတယ်။ ထိုပွဲစဉ် ပထမပိုင်း ၁၈မိနစ်မှာဘဲ Arsenal ဘက်မှ Mertesacker အငြင်းပွားဖွယ် အထုတ်ခံခဲ့ရပါတယ်။ Arsenal နည်းပြ ၀င်းဂါး ကိုယ်တိုင်က Costa ကို အကယ်ဒမီပေးသင့်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ Costa ရဲ့ ၂၃မိနစ်မှာ သွင်းတဲ့ ဂိုးနဲ့ဘဲ အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ် ၂၂မှာလည်း အိမ်ကွင်းမှာ Everton ကို (၂-၃)နဲ့ ရှုံးနေချိန်၊ အချိန်ပို ၇မိနစ်ကျော်လွန်ပြီး Terry ရဲ့ လွတ်လွတ်ကျွတ်ကျွတ် လူကျွန်နေတဲ့ ဂိုးကိုလည်း ဒိုင်တွေကခွင့်ပြုခဲ့လို့ (၃-၃)နဲ့သရေကျခဲ့ပါတယ်။

Chelsea အဖို့ ဒီရာသီမှာ Champion League ဖလား ကန်ခွင့်ရဖို့ ဆက်ပြီး ကံကောင်းနိုင်ပါ့ မလား?

 

 


28 Jan 2016     1,368 Views




RELATED

Most Popular of Football

Most Popular of Sport