BEC-TERO TV

တော်ဝင်ပလာဇာ၊ ယုဇနပလာဇာ နဲ့ ရွှေပြည်စုံဈေးခန်းဆိုင်ခန်း ငှားရမ်းခမြင့်တက်မှု ဈေးလျော့နိုင်မယ့် အဖြေရှာမတွေ့ခဲ့

28 Jan 2016     1,685 Views


               တော်ဝင်ပလာဇာ၊ ယုဇနပလာဇာနဲ့ ရွှေပြည်စုံဈေးဆိုင်ခန်းများ ဌားရမ်းခမြင့်တက်မှုကို ဈေးပိုင်ရှင်တွေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ဒီကနေ့ ဇန်န၀ါရီလ ၂၇ ရက်နေ့က ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် ဆိုင်ခန်းဈေးပြန်လည်လျှော့ချနိုင်မယ့် အဖြေမျိုးမရခဲ့ကြပါဘူး။မင်္ဂလာဈေးမီးလောင်ပြီးနောက်ပိုင်း တော်ဝင်ပလာဇာ၊ ယုဇနပလာဇာနဲ့ ရွှေပြည့်စုံဈေးဆိုင်ခန်းငှားရမ်းခတွေက ၅၀ ရာခိုင်နှုန်းဝန်းကျင်မြင့် တက်သွားပါတယ်။

               ဒါကိုလက်ရှိ ဆိုင်ခန်းငှားရမ်းဈေးရောင်းသူတွေက လက်မခံနိုင်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာ  ရေးကော်မတီက ကြားကနေ၀င်ပြီး စေ့စပ်ညှိနှိုင်းပေး တာဖြစ်ပါတယ်။ဈေးဆိုင်ပိုင်ရှင်တွေက သူတို့အနေနဲ့ တရားသက်မှတ်ထားတဲ့ ဈေးနှုန်း မြှင့်တင်တာမဟုတ်ပဲ ကြားပွဲစားတွေ ဈေးကစားနေလို့ အခုလို ဈေးတွေမြှင့်တက်နေ တာလို့ပြေကြားထားပါတယ်။


28 Jan 2016     1,685 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS