BEC-TERO TV

အုန်းသီးကို အသုံးပြုသည့် အနုပညာလက်ရာဈေးကွက်မြင့်တက်လာ

28 Jan 2016     2,011 Views


                 အုန်းသီးကို အနုပညာလက်ရာအဖြစ် ပုံစံမျိုးစုံဖော်ထားတဲ့ဈေးကွက်ဟာ ပြည်ပ၀ယ်လို အားကြောင့် တဖြည်းဖြည်း ဈေးကွက်ဝယ်လိုအားမြင့်တက်လာတယ်လို့သိရပါတယ်။ COCO Light House ကုမ္ပဏီက အုန်းသီးကိုအသုံးပြုပြီး အနုပညာလက်ရာပုံဖော်ထား တဲ့ ကုန်ပစ္စည်းတွေ ပြည်ပတင်ပို့နေတာ အခုဆို ၃ နှစ်ရှိနေပြီး စတင် တင်ပို့ချိန်ထက်စာ ရင် ဈေးကွက်ဝယ်လိုအားက ၄၀ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့သိရပါတယ်။

                  ဒါတွေ ပြင် အုန်းသီးကိုပုံဖော်ထားတဲ့ အနုပညာလက်ရာတွေကို ပြည်ပဈေးကွက်တင် မဟုတ်ပဲ ပြည်တွင်းဈေးကွက်မှာလည်း လူကြိုက်များမှုရှိလာတယ်လို့ လက်လီအရောင်းဆိုင်တွေ ကပြောပါတယ်။ပြည်တွင်းဈေးကွက်မှာတော့ ဟိုတယ်၊ စားသောက်ဆိုင်တွေက အဓိက မှာယူသုံစွဲ တယ်လို့သိရပါတယ်။


28 Jan 2016     2,011 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS