BEC-TERO TV

ချစ်သူ အတွက် ကိုယ်တိုင် မုန့်ဖုတ် ရအောင်

28 Jan 2016     1,377 Views


ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို မိမိကိုယ်တိုင်ပြုလုပ်ထားတဲ့ Brownie လေးလက်ဆောင်ပေးချင်သောသူများ အတွက် အချိန်လည်းမကုန်၊ အလုပ်လည်းမရှုပ်တဲ့ အသည်းပုံ Brownie လုပ်နည်းလေး ပြောပြချင်ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေ ကိုတော့ Super Market တွေမှာ အလွယ်တကူ ၀ယ်နိုင်ပါတယ်။


Brownie လုပ်ဖို့ ပါဝင်တဲ့ပစ္စည်းတွေကတော့ -

ထောပတ် - 1/2 cup
သကြားဖြူ - 1 cup
ကြက်ဥ - 2 လုံး
vanilla extract - 1 teaspoon
cocoa powder - 1/3 teaspoon
ဂျုံ ( all-purpose flour) - 1/2 cup
ဆား - 1/4 teaspoon
Baking powder - 1/4 teaspoon

Frosting လုပ်ဖို့အတွက် :
ထောပတ် - 3 tablespoons
အချိုမပါဝင်တဲ့ cocoa powder - 3 tablespoons
ပျားရည် - 1 tablespoon
vanilla extract - 1 teaspoon
သကြား - 1 cup

ပြင်ဆင်ချိန် - ၂၅မိနစ် မုန့်ဖုတ်ချိန် - ၃၅မိနစ်
- Oven ကို 350 degrees F ဖြင့်ကြိုတင်အပူပေးထားပါ။ (175 degrees C). ၈လက်မအမြင့်ရှိသော စတုရန်းပုံမုန့်ဖုတ်ခွက်ကို ဆီအနည်းငယ်သုတ်ပြီး ဂျုံမှုန့်အနည်းငယ်ကပ်ထားပါ။
- ဆော့ပြုလုပ်ဖို့ဒယ်အိုးတစ်ခုထဲမှာ ½ cup ထောပတ်ကိုအရည်ပျော်အောင်လုပ်ပါ။ ထောပတ်အားလုံးအရည်ပျော်လျှင် မီးဖိုပေါ်မှဖယ်ပြီး သကြား၊ကြက်ဥနဲ့ vanilla တို့ကိုထည့်ပါ။ ထို့နောက် cocoa, ဂျုံ,ဆား နှင့် baking powder တို့ကိုထပ်မံရောကာ သမအောင်မွှေပါ။ ရရှိလာသောအနှစ်ကို မုန့်ဖုတ်ခွက်ထဲထည့်ပါ။
- ကြိုတင်အပူပေးထားသော Oven ထဲတွင် ၂၅ မိနစ်မှ မိနစ် ၃၀ ထိ ဖုတ်ပါ။
- သတ်မှတ်ချိန်ပြည့်သွားပါက Oven ထဲမှထုတ်ကာ အသည်းပုံပြုလုပ်သည့် cutter နှင့်ပုံသွင်းပါ။
ထို့နောက် Frosting လောင်းပါ။ Frosting ပြုလုပ်ရန် - Frosting ပြုလုပ်ရန်လိုအပ်သည့် ပစ္စည်းအားလုံးကိုအနှစ်ဖြစ်လာသည်အထိမွှေပါ။ Brownie များနွေးနေချိန်အတွင်း Frosting လောင်းရန်လိုအပ်ပါသည်။
- Frosting လောင်းပြီးလျှင် စားသုံးရန်အသင့်ဖြစ်ပါပြီ။


28 Jan 2016     1,377 Views




RELATED

Most Popular of Food

Most Popular of Life Style