BEC-TERO TV

ရွှေတိဂုံ ဓာတ်လှေကားအတွင်း ကလေး လူကြီး အယောက် ၃၀ ကျော် ပိတ်မိ

29 Jan 2016     1,744 Views


 ယနေ့ ဇန်န၀ါရီ ၂၈ ရက် ည ၇ နာရီ ၅၀ မိနစ်ခန့်က ရွှေတိဂုံဘုရားတောင်ဘက်မုခ်ဓါတ်လှေခါး ချို့ယွင်းမှုဖြစ်ပွားပြီး ဘုရာဖူးများ ၁ နာရီ ကျော်ကြာ ပိတ်မိနေခဲ့ကြောင်း သတင်းရရှိသည်။ ဘုရားဖူး ကလေး၊လူကြီးပေါင်း ၃၃ ဦးမှာ မြေပြင်နှင့် ၅ ပေအကွာ ဓါတ်လှေခါးထဲတွင် ပိတ်မိနေခဲ့ပြီး ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "မီးသတ်က ကယ်လိုက်ရတာ ၁၅ မိနစ်ပဲကြာတယ်။ အတွင်းမှန်နဲ့ အပြင်မှန် နှစ်ခုကိုခွဲထုတ်လိုက်ရတယ်။ ဖိနပ် မပါတော့ ထိခိုက်ရှနာ နည်းနည်းပါးပါး ဖြစ်တာကလွဲလို့ အကြီးအကျယ်ဘာဒဏ်ရာမှမရှိခဲ့ပါဘူး" ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

 

ဓါတ်လှေကားမှာ စီးနင်းသူများပြား၍ ၀န်မနိုင်ဘဲ ကြိုးညှပ်သွားသောကြောင့် လမ်းတ၀က်တွင် ရပ်တန့်သွားခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ ပြောဆိုခဲ့ပြီး ရွှေတိဂုံဂေါ်ပကအဖွဲ့မှတာဝန်ရှိသူတစ်ဦးကမူ မီးအားနည်းသွား၍ ပိတ်မိခဲ့ခြင်းဖြစ်ကြောင်း 7 Day အားပြောသည်။ ဇန်န၀ါရီ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ ဟိမ၀န္တာဒေသမှ မြတ်ဗုဒ္ဓ၏ အရိုးတော်အား ရွှေတိဂုံဘုရား၌ အပူဇော်ခံရန် ဒေသစာရီကြွချီလာခဲ့ပြီး ဇန်န၀ါရီ ၂၈

 

Credit ; 7Day News Journal


29 Jan 2016     1,744 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS