Chelsea နည်းပြဟောင်း မော်ရင်ဟို လာလျှင် Man Utd နှင့် လက်တွဲ ဖြုတ်မည့် Ryan Giggs
29 Jan 2016 2,386 Views

ရိုင်ယန်ဂစ်မှာ မန်ယူတွင် ကစားသမား ဘ၀ စတင်ခဲ့သူ ဖြစ်ပြီး ယနေ့ထိ လက်ထောက် နည်းပြအဖြစ် စုစုပေါင်း ၂၈ နှစ်တိုင် လက်တွဲခဲ့သူဖြစ် သည်။
အချို့သတင်းများတွင် ဗန်ဂေါလ်အနေနှင့် ရာသီကုန်အထိဆက်ရှိရန် မလွယ်တော့ပဲ အကယ်၍ထုတ်ပယ်လိုက်မည်ဆိုပါက ဂစ်ကိုနည်းပြ အဖြစ်တိုးမြှင့်ခန့်ထားသင့်ကြောင်းဖော်ပြထားပါသည်။
မော်ရင်ဟိုရောက်လာခဲ့ပါက ယခင်ကပြိုင်ဘက်ဖြစ်ခဲ့သူတစ်ဦးထံတွင် လက်ထောက်လုပ်ရမည့်အရေးမှာ ဂစ်အတွက် ခက်ခဲနိုင်ခြင်းကြောင့် မည်သို့ပင်ဆိုစေ ဂစ်မှာထွက်သွားမည်သာ ဖြစ်ကြောင်း အသင်းနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသွားခဲ့သည်။






