BEC-TERO TV

Chelsea Captain John Terry ထွက်မည်

02 Feb 2016     1,386 Views


Chelsea အသင်း Captain ဂျွန်တယ်ရီမှာ စာချုပ်သစ်ကမ်းလှမ်းခြင်းမခံရတော့သဖြင့် လာမည့်ရာသီကုန် လက်ရှိစာချုပ်ပြည့်ချိန်တွင် အသင်းမှ ထွက်တော့မည်ဟုဆိုသည်။

အသက် ၃၅နှစ်အရွယ်နောက်ခံလူတယ်ရီက ကျနော်ဒီမှာနေချင်ပါသေးတယ်။ဒါပေမယ့်အသင်းက ကွဲပြားတဲ့အမြင်နဲ့တစ်ခြားလမ်းဘက်ကို သွားနေတာပါဟုပြောဆိုခဲ့သည်။

လွန်ခဲ့သော ၂၁နှစ်အသက်၁၄နှစ်အရွယ်ကပင်ချဲလ်ဆီးသို့ရောက်နေသောတယ်ရီမှာ အသင်းနှင့်အတူပရီးမီးယားလိဂ်ဖလား၎ကြိမ်၊ FAဖလား ၅ကြိမ်နှင့် ချန်ပီယံဖလား၊ ယူရိုပါလိဂ်ဖလားများရခဲ့သူဖြစ်သည်။

တယ်ရီမှာ ယခုအချိန်ထိချဲလ်ဆီးအတွက် ၆၉၆ပွဲကစားပေးခဲ့ပြီဖြစ်ပြီး ကစားသမားဘ၀ကိုဆက်ချင်သေးသော်လည်း အင်္ဂလန်ကလပ်များ သို့ပြောင်းရွှေ့မည်မဟုတ်ဟု ပြောဆိုထားခဲ့သည်။

သို့သော် အခြားသတင်းများတွင်မှု ချဲလ်ဆီးအသင်းတာဝန်ရှိသူများအနေနှင့်တယ်ရီအတွက် စာချုပ်သစ်ကိစ္စစဉ်းစားနေကြသည်ဟု လည်း ဖော်ပြ ခဲ့ကြသည်။


02 Feb 2016     1,386 Views




RELATED

Most Popular of Football

Most Popular of Sport