BEC-TERO TV

ဗညားဟန် အလေးစားဆုံးပုဂ္ဂိုလ်က ဘယ်သူဖြစ်မလဲ

04 Mar 2016     1,522 Views


          မြန်မာသံအဆိုတော် ဗညားဟန်က သူ့ရဲ့ နဝမမြောက်တေးစီးရီးအဖြစ် “လွမ်းရတဲ့ဝါဆို” တေးစီးရီးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထွက်ရှိလာနိုင်ခဲ့ပါပြီ။ ဝါဆိုနဲ့အကျိုးပေးတဲ့ ဗညားဟန်က ဒီတစ်ခါမှာလည်း စီးရီး Title ကို ဝါဆိုနဲ့ ဆက်နွှယ်တဲ့ခေါင်းစဉ်ပေးထားတာကြောင့် Title ပေးဖြစ်ပုံကို စတင်မေးမြန်း ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗညားဟန်က “ဒီအခွေထဲမှာ တေးရေး နိုင်မြန်မာရဲ့သီချင်း ၃ ပုဒ်ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဝါဆိုဆိုတာ သီချင်းအဟောင်းလေးပါ။ သီချင်းအနေနဲ့ပြောရရင် တစ်တိုင်းပြည်လုံးသိပြီးသားသီချင်းလေးပါ။ ကျွန်တော်က “ပထမဝါဆို” ဆိုချင်လို့ ဦးနိုင်ဆီမှာခွင့်တောင်းခဲ့ တယ်။ သီချင်းလေးက အဆက်ဖြစ်နေတာနဲ့ “ဝါဆို” ကိုပါဆိုလိုက်မိတယ်။ ဝါဆိုနဲ့ပတ်သက်လို့ကတော့ ကျွန်တော့်မှာ အမှတ်တရတွေအများကြီး ရှိတော့ စီးရီးtitleကို “လွမ်းရတဲ့ဝါဆို” ဆိုပြီး ပေးဖြစ်သွားတာပါ” လို့ ဆိုပါတယ်။

         “လွမ်းရတဲ့ဝါဆို” တေးစီးရီးထဲမှာတော့ သူအရင်ဆိုခဲ့တာနဲ့ အနည်းငယ်ကွာသွားပြီး ဒီအခွေမှာ သူအလေးစားရဆုံး အဆိုတော်ရဲ့ ဆိုဟန်လေးတွေ ပါဝင်ကြောင်း ဗညားဟန် ကပြောပါတယ်။ ဗညားဟန် လေးစားတာ ဘယ်သူဖြစ်မလဲဆိုတာက “ကိုလွှမ်းမိုးတို့ဘက်ကို နည်းနည်းယူထားတဲ့ပုံစံလေးလို့ ပြောရင်ရမလားမသိဘူး။ ကျွန်တော်တအားဖြစ်ချင်တဲ့ဆန္ဒပါ။ ကျွန်တော် အလေးစားရဆုံး Vocal တစ်ယောက်ပါ။ ကိုလွှမ်းမိုးလိုအဆိုတော်ဖြစ်ချင်တာကိုး” လို့ဖြေကြားချက်အရဆို သူလေးစားတဲ့ အဆိုတော်ကို သိနိုင်ပါပြီ။ ဗညားဟန်တို့လို အဆိုတော်တွေ အနေနဲ့ စီးရီးတစ်ခွေထွက်ပြီဆိုရင် စီဒီနဲ့ဗီစီဒီတွဲထွက်လေ့ရှိပါတယ်။ ဒီ လို တွဲထွက်ခြင်းဟာ အရုပ်နဲ့အသံတွဲ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်ပါလို့လည်း ဗညားဟန်ကဆိုပါတယ်။

          ခေတ်အနေအထားအရ မြန်မာသံတေးသီချင်းတွေကို ပရိသတ် ကြိုက်နှစ်သက်မှုရှိသလားလို့ ဗညားဟန်ကိုမေးတဲ့အခါ.. ” ကျွန်တော် တည့်တည့်အနေနဲ့ မညာတမ်းပြောရရင် ဒီခေတ်မှာ ဘယ်ပွဲလမ်းသဘင်ပဲလုပ်လုပ်၊ နိုင်ငံ တော်ကိစ္စတွေပဲလုပ်လုပ်၊ လူမှုရေး ကိစ္စတွေပဲ လုပ်လုပ် မြန်မာသံတွေ အနေနဲ့က ဝိုင်း ပယ်ခံရသလိုဖြစ်နေ တာပေါ့လေ။ အဲ ဒီလိုမဖြစ်ရင်တောင် ကျန်နေခဲ့တာပေါ့နော်။ ဒါလေးတွေ က ကျွန်တော်တို့ရင်ထဲမှာ ဖီလင်လေး တွေတော့ရှိပါတယ်။ ဒါက သူတို့ အပိုင်းပေါ့။ အဓိကကတော့ ကိုယ့် အလုပ်ကိုယ်လုပ်ကြဖို့ပေါ့လေ။

          ကျွန် တော်တို့လည်း ကျွန်တော်တို့ ယုံကြည် ရာလမ်းတစ်ခုကို လျှောက်လှမ်းနေ တာဖြစ်တဲ့အတွက် ဘာပဲပြောပြော ကျွန်တော်တို့ တတ်စွမ်းသမျှ ဥာဏ်စွမ်းလေးနဲ့ ကြိုးစားပြီးတော့ ပရိ သတ်ကို ချပြနေဦးမှာပဲ။ ပရိသတ်တွေကလည်း ကျွန် တော်တို့ မြန်မာသံတွေကို ဒီနေ့ထက်ထိ အားပေးနေကြတုန်းပါပဲ။ ကျွန်တော်တို့က တော် တော်များများပြောရရင်နယ်တွေ သွားကြတာများတဲ့အတွက် နယ်ပရိသတ်တွေကတော့ အခိုင်အမာ ရှိပါတယ်။ မြို့ပရိသတ်တွေကတော့ အနည်းနဲ့အများကွာတာပေါ့။အခုချိန် အထိ အဆင်ပြေနေပါသေးတယ် ” လို့ပြောပြခဲ့ပါတယ်။     http://popularmyanmar.com/afpopular/


04 Mar 2016     1,522 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment