BEC-TERO TV

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့ အထိ ကျင်းပမည်

16 Mar 2016     1,437 Views


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အတွက် အုပ်စု မဲခွဲခြင်းအား အာဆီယံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေးတွင် မဲနှိုက် ရွေးချယ်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲအား မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်းတွင် လာမည့် ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

၎င်းပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ သြစတြေးလျနှင့် (တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယား တို့သုံးသင်း အနက်မှ တစ်သင်း) ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။


အုပ်စု ခွဲဝေမှု အရ အုပ်စု (က) တွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့ ပါဝင်ပြီး အိမ်ရှင် မြန်မာအသင်း သည် အုပ်စု (ခ) တွင် သြစတြေးလျ၊ မလေးရှားနှင့် ဖိတ်ခေါ် အသင်းတစ်သင်း (တရုတ် တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယား တို့အနက်မှ တစ်သင်း) တို့နှင့်အတူ ကျရောက်လျက် ရှိသည်။

ပွဲစဉ်ဇယား အသေးစိတ်ကို ဆက်လက် ၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သွားမည်ဟု သိရသည်။

 


16 Mar 2016     1,437 Views




RELATED

Most Popular of Football

Most Popular of Sport