BEC-TERO TV

ကွန်မြူနတီ ဒိုင်းကို ရယူနိုင်ခဲ့ပြီး အဖွင့်မျက်နှာပန်းလှခဲ့တဲ့ မော်ရင်ဟို နဲ့ မန်ယူ

08 Aug 2016     1,291 Views


  • ကွန်မြူနတီ ဒိုင်း ပြိုင်ပွဲ လက်စတာ စီးတီး vs မန်ချက်တာယူနိုက်တက်
  • လက်စတာ စီးတီး ၁ : ၂ မန်ချက်တာယူနိုက်တက် 
  • အီဗရာဟီမိုဗစ် ရဲ့ ပထမဦးဆုံး မန်ယူအသင်း အတွက်သွင်းယူပေးနိုင်သောဂိုး 
 
မနေ့ညက ( ၇.၈.၂၀၁၆ ) ယဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာ စီးတီး နှင့် မန်ယူ တို့ရဲ့ ကွန်မြူနတီ ဒိုင်းပြိုင်ပွဲ မှာ မန်ယူအသင်းက လက်စတာ စီးတီး အသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပါတယ် ။
 
နွေရာသီ ပြောင်းရွှေ့ကာလတွင် မန်ယူ အသင်းသို့ အလွှတ်ပြောင်းရွှေ့ခွင့်နဲ့ ရောက်ရှိလာတဲ့ ဆွီဒန်တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ဟာ မန်ယူအသင်းနဲ့ အတူ ပထမဦးဆုံး ကစားခွင့်ရရှိခဲ့တဲ့ ပွဲမှာ ဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။
 
မန်ယူအသင်းဟာ ပထမပိုင်း ၃၂ မိနစ်မှာ လူငယ် ကစားသမား လင်ဂတ်ရဲ့ သွင်းဂိုး နဲ့အတူ ဦးဆောင်မှုကို ရရှိခဲ့ပေမယ့် လက်စတာ စီးတီး မှ တိုက်စစ်မှူး ဗာဒီဟာ ဒုတိယပိုင်း ၅၂ မိနစ် မှာ ချေပဂိုးကို ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ် ။ 
 
မန်ယူအသင်းအတွက် အနိုင်ဂိုးကိုတော့ ၈၃ မိနစ်မှာ အီဗရာဟီ မိုဗစ်မှ သွင်းယူပေးနိုင်ခဲ့တာကြောင့် ကွန်မြူနတီ ဒိုင်းကို ဆွတ်ခူး ရရှိနိုင်ခဲ့ပါတယ် ။ 
 
မော်ရင်ဟို နဲ့ မန်ယူ အသင်း အတွက် ရာသီ မစခင် ပထမ ဦးဆုံး ဖလား ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့လို့ မျက်နှာပန်းလှပခဲ့တယ်လို ဆိုနိုင်ပါတယ် ။ 

08 Aug 2016     1,291 Views




RELATED

Most Popular of International News

Most Popular of Sport