BEC-TERO TV

ရည်းစားဖြစ်သူက အခန်းတံခါးပိတ်ကာ ၄ နာရီကြာ ရိုက်နှက်ခံရတဲ့ ၁၈ နှစ်အရွယ် မိန်းကလေး

21 Oct 2016     1,304 Views


“ကယ်လ်စီ စကီလန်” ဆိုတဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သူမ၏ရည်းစားဖြစ်သူ “ဂျိမ်းစ်မက်ကော့” က အခန်းတံခါး သော့ပိတ်ကာ ၄ နာရီမျှကြာအောင် ရိုက်နှက် နှိပ်စက်ခဲ့တာကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဗရပွနဲ့ ဖြစ်ခဲ့ရပါတယ်။
 
သမီးရည်းစားနှစ်ဦး ညဖက်အပြင်ထွက် လျှောက်လည်ခဲ့ပြီးနောက် အိမ်ပြန်ရောက်သည့်အခါ “ဂျိမ်းစ်မက်ကော့” က ဆေးလိပ်သောက်ချင်လာသဖြင့် ဆေးလိပ်ဘူးထည့်ထားသော သူ၏ ဂျက်ကတ်အင်္ကျီကို လိုက်ရှာရာ အပြင်မှာ ကျန်ခဲ့ကြောင်း သတိရသွားပြီး ရည်းစားဖြစ်သူ ကောင်းမလေးကို အပြစ်ဖို့ကာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
 
 
သူရိုက်နှက်နေစဉ်အတွင်း ကောင်မလေးမှာ သတိတစ်ချက် တစ်ချက် မေ့မြောသွားခဲ့သည်၊ ၄ နာရီခန့်ကြာ ရိုက်နှက်ပြီး “ဂျိမ်းစ်မက်ကော့” အခန်းထဲမှ ခတ္တထွက်သွားချိန်တွင် ကောင်မလေးက သူမ၏ မိခင်ဖြစ်သူထံ အကြောင်းကြားခဲ့သည်။ မိခင်က ရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် သူမနေထိုင်ရာ နေရာသို့ ရဲများရောက်ရှိခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။
 
 
အဆိုပါအမှုအတွက် “ဂျိမ်းစ်မက်ကော့” အပြစ်ကို ဝန်ခံခဲ့ပြီး တရားရုံးနှစ်ခုမှ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  ထောင်ဒဏ် ၂၁ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
 
 “ဂျိမ်းစ်မက်ကော့” ပြစ်ဒဏ်ချမှတ်ခံရမှုအပေါ်တွင် နှိပ်စက်ခံရည်းစားဖြစ်သူ “ကယ်လ်စီ စကီလန်” က “သူ ကျမနဲ့ဝေးရာကို ရောက်သွားတဲ့အတွက် ကျမဝမ်းသာတယ်” ဟုပြောခဲ့ပါတယ်။ သူမကို နှိပ်စက်ခံစဉ်က “အခု နင်လုပ်နေတာတွေအတွက် နင်ထောင်ကျခံနိုင်လား” ဟု ပြောခဲ့ရာ “ဂျိမ်းစ်မက်ကော့” “အေး.. နင့်ကိုသတ်ပြီးလို့ ထောင်ကျရင်ကျပါစေ ငါဂရုမစိုက်ဘူး” ဟု ပြောကာ ဆက်လက်ရိုက်နှက်ခဲ့ကြောင်း ပြောပြခဲ့ပါသည်။

21 Oct 2016     1,304 Views




RELATED

Most Popular of International News

Most Popular of NEWS