BEC-TERO TV

လောလောဆယ်တော့ သဘင်လောက အခြေနေမကောင်းဘူးလို့ ဆိုလိုက်တဲ့ ဖိုးချစ်

08 Nov 2016     1,259 Views


မြန်မာ့ဇာတ်သယင်လောကနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ မင်းသား ဖိုးချစ်ကို အင်းတာဗျူးကြည့်တဲ့အခါ...
 
မေး- သဘင်လောကမှာ သဘင်စည်းကမ်းပိုင်းဆိုင်ရာ လျော့ရဲနေတဲ့ လောက သားအချို့နဲ့ပတ်သက်ပြီး အစည်းအရုံးဥက္ကဋ္ဌအနေနဲ့ ဘာတွေလုပ်ဆောင်နေ ပါ..?
 
ဖြေ- ခဏလေးတော့စောင့်ကြည့်ပါ။ ကျွန်တော်တို့ ခေါ်ယူတွေ့ဆုံ ပြီးတော့ ဆွေးနွေးတဲ့အပိုင်းတွေ၊ သူတို့ရဲ့ သဘောထားတွေ၊ အနေအထားတွေကိုကြည့်မယ်။ အများကြီးတော့တွေ့ထားပါ တယ်။ တွေ့ထားပေမယ့် လည်း ချက်ချင်းကြီးဆုံးဖြတ်တာကတော့ လုပ်လို့မရဘူး။ အချိန်နည်းနည်းလေးယူရမှာပါ။ သူတို့ရဲ့သဘော ထားတွေ၊ ပြည်သူတွေရဲ့သဘောထားတွေ၊ နောက်သဘင်ရဲ့စည်း မျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်ခြင်းရှိ၊ မရှိဆို တာတော့ ပညာရှင်ကြီးများနဲ့ ကျွန်တော်တို့အားလုံး ဆွေးနွေးတိုင်ပင်နေပါတယ်။ မဆောင်ရွက်ဘူးဆိုတာ မရှိပါဘူး။ တိုင်ထားတာလေးတွေရှိပါတယ်။ ရှိတဲ့အတွက်လည်း ကျွန်တော်တို့က အရေးတယူနဲ့ တွေ့ဆုံထား တယ်။ ပြီးရင် မြန်မာ နိုင်ငံသဘင်ပညာရှင်များအစည်းအရုံးကနေ ကြေညာ ချက်ထွက်လာပါမယ်။
 
မေး- ကိုဖိုးချစ်က မြန်မာသဘင်ပညာရှင်များအသင်းရဲ့ ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ သဘင်လောကကို တိုးတက် မှုရှိအောင် ဘာတွေ လုပ်ဆောင်နေ တာတွေ ရှိပါ..?
 
ဖြေ- နိုင်သလောက် ငွေကြေးထောက်ပံ့တဲ့ကိစ္စလေးတွေ လောလောဆယ် နိုင်ငံတော်က ကျွန်တော်တို့ချေးငွေ မရသေးဘူး။ တင်ပြထားတုန်းပဲရှိ ပါသေးတယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ပစ္စည်းတွေကို ဘဏ် မှာ အပေါင်ထားပြီးတော့ ရတဲ့ပိုက်ဆံတွေကို အသုံးချတယ်။ ဒီထက်ပိုအရေးကြီးတာကတော့ စည်းကမ်းပိုင်းကိုတော့ အားလုံးနဲ့တိုင်ပင်ပြီးတော့ ထုတ်ထားတာရှိတယ်။ အဒါတွေက ဥပဒေဖြစ်ဖို့လိုတယ်။ အဲဒီတော့ ပညာရှင် ကြီးတွေပြောတာကိုလိုက်နာပြီးတော့ သူတို့လိုက်နာခဲ့ တာတွေကို သဘင်ဥပဒေဖြစ်အောင် ဆောင်ရွက်တယ်။ မကြာခင်မှာ ဆွေးနွေးပွဲတွေလုပ်မယ်။ အဲဒီကရတဲ့ ရလဒ် တွေကို သဘင်ဥပဒေအဖြစ်ပြဋ္ဌာန်း ဖို့ ကျွန်တော်တို့ ဆောင်ရွက်ပါမယ်။ နောက် အငြိမ့်ဆိုအငြိမ့်၊ နှစ်ပါးသွား ဆိုနှစ်ပါးသွား အစရှိသည်ဖြင့် သူတို့လိုက်နာရမယ့် စည်းကမ်းတွေကိုလုပ်မယ်။ ကျွန်တော်တို့ကတော့ အကုန်မတတ်ဘူး။ သဘင်အစည်း အရုံးမှာ ဥက္ကဋ္ဌရာထူးကို ထမ်းဆောင်ပေမယ့် ဒီပြင်ပညာရှင်တွေရဲ့ ပညာတွေကိုမသိပါဘူး။ အဲဒီပညာရှင်ကမှသိမယ်။ သူ့ရဲ့သဘောထား တော့လိုတယ်။ ဆိုလိုချင်တာကတော့ ဥက္ကဋ္ဌတာဝန်ယူထားပေမယ့် အကုန် လုံးတော့မတတ်ဘူး။ အစအဆုံးကြီး အကုန်သိနေတယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ကျွန် တော်တို့ပညာက တအားနုပါတယ်။ ဒါပေမဲ့ ပေးထားတဲ့ တာဝန်ကိုတော့ အကောင်းဆုံးလုပ်ဆောင်မှာပါ။ အခုကတော့ ပညာ ရပ်ပိုင်းဆိုင်ရာတွေကို လွှတ်တော်ကို တင်ပြပြီးတော့ ဥပဒေဖြစ်အောင်တော့ လုပ်နေပါတယ်။
 
မေး- သဘင်လောကမှာ တိုးတက်ဖို့ လိုအပ်ချက်တွေ ရှိတယ်ဆိုတော့ ဘာတွေလိုအပ်နေတာပါလဲ..?
 
ဖြေ- လိုအပ်ချက်ကတော့ အကြီးကြီးပဲ။ ပြောရရင်တော့ ရုံးတောင်ကောင်းကောင်းမရှိဘူး။ မဖြစ်ဖြစ်အောင်ပဲလုပ် နေရတာ။ ကျပ်တည်းပြီးတော့။ ရုပ်ရှင်ဆိုလည်း နေရာ ကတော့အဆင်ပြေတယ်။ သဘင်မှာကျတော့ ရုံးကို ကောင်းကောင်းမရှိတာ။ အရင် EC ကတော့ စာရင်း တွေပေးပို့ပါပြီ။ ပြန်စစ်နေပြီ။ တစ်နှစ်ပြည့်ပြီ။ တစ်နှစ် အတွင်းမှာ ရန်ပုံငွေတစ်ပြားတစ်ချပ်မှမရှိသေးဘဲနဲ့ အခုချိန်အထိဆက် Run နေရတယ်။ သဘင် ပိုင်တဲ့ဇာတ်ရုံ ဆိုတာမရှိဘူး။ တခြားတိုင်းပြည်က ယဉ်ကျေးမှုတွေဝင် လာတဲ့အခါမှာ ကိုယ့်ယဉ်ကျေးမှုနဲ့ကာဗာလုပ်မယ်။ ဝန်ကြီးဌာနကလည်းဆောင်ရွက်တယ်။ သို့သော် ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ရတာကတော့ သဘင်ပဲ။ အရေးကြီးပါတယ်။ လောလောဆယ်တော့ အခြေအနေမကောင်းပါဘူး။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သဘင်နဲ့ပတ်သက်တဲ့ဇာတ်ရုံကြီးတစ်ရုံဆောက်ပေးဖို့ နှုတ်အား ဖြင့်ကတိပေးထား ပြီးပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန် တော်တို့ ယဉ်ကျေးမှုကို ဒီသဘင်ကပဲ ကာကွယ်စောင့် ရှောက်မှပဲရမှာပါ။ ကိုယ့်လူမျိုးတွေက ကိုယ့်ယဉ်ကျေးမှု တွေကို ချစ်တတ်လာအောင် တန်ဖိုးထားတတ်လာအောင် လုပ်ရ မယ်။ အကုန်လုံးမှာတာဝန်ရှိပါတယ်။ ဘာလို့လဲဆို တော့ ကျွန်တော်တို့က မြန်မာလူမျိုးတွေဖြစ်နေလို့ပါ။ မင်းတို့ဇာတ်တွေကတော့ သီချင်းတွေပဲဆိုနေတာပဲလို့ ပြောကြတယ်။ ကျွန်တော်တို့ပြင်ပါမယ်။ အရင်ကတည်း ကလုပ် လာတာကို အခုမှ ချက်ချင်းထပြင်လို့တော့မရ ပါဘူး။ ကတိပေးပါတယ်။ ပြင်မယ်။ နောက်ပိုင်းမှာ သဘင် အစစ်တွေနဲ့ပဲ ဖျော်ဖြေနိုင်အောင်လုပ်ဆောင်သွားမှာပါ။
 
မေး- သဘင်လူမှုကူညီစောင့်ရှောက်ရေးအသင်းလည်း ဖွဲ့ စည်းပြီးပြီဆိုတော့ ဆက်လက်လုပ်ဆောင်သွားဖို့ရှိ..?
 
ဖြေ- ကျွန်တော်တို့ သဘင်လူမှုစောင့်ရှောက်ရေးအသင်း ရဲ့ရည်ရွယ်ချက်ကတော့ ငွေမရှိလို့ ဆေးမကုနိုင်တဲ့ သဘင်သမား၊ ကျောင်းမတက်နိုင်တဲ့ သဘင်သမားသားသမီး တွေမရှိစေရဘူးဆိုတာပါ။ နောင်ကျရင် သူနာတင်ယာဉ် တွေကိုပါစီစဉ်သွားမှာပါ။
 
Credit:ဒီမိုကရေစီတူဒေး

08 Nov 2016     1,259 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS