BEC-TERO TV

ထိုင်းနှင့်ကစားမည့်ပွဲတွင် အများကြီးမျှော်လင့်မထားရန် မြန်မာနည်းပြချုပ်ပြောကြား

01 Dec 2016     1,324 Views


မြန်မာအသင်းအနေဖြင့် ထိုင်းအသင်းနှင့် ကစားမည့် ပွဲစဉ်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ကစားသွားမည်ဖြစ်သော်လည်း မြန်မာဘောလုံး ပရိတ်သတ်များအနေဖြင့် အများကြီး မျှော်လင့် မထားရန် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်က ပြောဆိုလိုက်သည်။
 
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂ဝ၁၆ ဆူဇူကီးဖလားအုပ်စုအဆင့်ပွဲစဉ်အပြီးတွင် ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး အရှေ့တောင်အာရှ အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရသည့် ထိုင်းအသင်းနှင့်ကစားရမည်ဖြစ်သည်။
 
ကျွန်တော်တို့ ထိုင်းကို ရပ်တန့်ဖို့ကြိုးစားရမယ်။ ဒီအဆင့်မှာ ဘယ်အသင်းနဲ့ပဲဖြစ်ဖြစ်ရင်ဆိုင်ရမှာပါ။ ပရော်ဖက်ရှင်နယ်ဆန်ဆန်ကြိုးစားကစားသွားမယ်။ ဒါပေမယ့် ပရိတ်သတ်တွေအများကြီး မျှော်လင့်မထားဖို့ တောင်းဆိုချင်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်ပျက်သွားတဲ့ သာဓကတွေလည်း ရှိပါတယ်။”ဟု မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။
 
ထိုင်းအသင်းသည် လက်ရှိ အရှေ့တောင်အာရှအကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခြင်းခံထားရသလို အာရှအသင်းကြီးတစ်ချို့ကို ယှဉ်ကစားနိုင်လာသည့်အတွက် မြန်မာလက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ခက်ခဲစွာ ကစားရနိုင်သည်ဟု ဘောလုံးပရိသတ်တစ်ချို့က သုံးသပ်ထားကြသည်။
 
“မြန်မာနှင့် ထိုင်းက အဆင့်တစ်ခုကွာနေတာကတော့ အမှန်ပါပဲ။ အာရှအသင်းကြီးတွေကိုတောင် ထိုင်းက ပြန်ကစားလာနိုင်ပြီဆိုတဲ့အတွက် သူတို့ကစားပုံက မြန်မာအသင်း ထက်တော့ သာတာအမှန်ပဲ။ အဲ့ဒါက အားသာချက်ဖြစ်နိုင်သလို အားနည်းချက်ဖြစ်နိုင်ပါတယ်။ အားသာချက်က ကိုယ့်မှာ ဖိအားမရှိတော့ဘူး။ အားနည်းချက်တော့ ကိုယ့်က နိမ့်တယ်ဆိုပြီး စိတ်ဝင်သွားရင်မကောင်းဘူး။”ဟု မြန်မာဘောလုံး ပရိတ်သတ် တစ်ဦးဖြစ်သည့် ကိုအောင်က ပြောသည်။
 
လက်ရှိ အချိန်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် နားရက်မယူဘဲ၂ဝ၁၆ ဆူဇူကီးဖလား ဆီမီး ဖိုင်နယ်အဆင့်အတွက် လေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၄ ရက်တွင် သုဝဏ္ဍကွင်း၊ ဒီဇင်ဘာ (၇)ရက်တွင် ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။
 
Credit:မြစ်မခမီဒီယာ
 
 
 

01 Dec 2016     1,324 Views




RELATED

Most Popular of Football

Most Popular of NEWS