BEC-TERO TV

UFC အမျိုးသမီးချံပီယံဟောင်း Ronda Rousey သံလှောင်အိမ်ထဲ ပြန်လာပြီ

22 Dec 2016     1,359 Views


၁၃ လကြာ အနားယူခဲ့ရတဲ့ UFC Bantamweight အမျိုးသမီး ချံပီယံဟောင်းတစ်ဦးဖြစ်သူ သိုင်းပေါင်းစုံကစားသမား(MMA) Ronda Rousey  သူမရဲ့ ချံပီယံခါးပတ်ကို ပြန်ယူဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
Ronda Rousey  ဟာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ချံပီယံခါးပတ်ကို ၂၀၁၅ ခုနှစ် Holly Holm နဲ့ပွဲမတိုင်မီထိ သုံးနှစ်ဆက်တိုက် ထိန်းသိမ်းထားနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ Holly Holm နဲ့ ယှဉ်ပြိုင်သတ်ပုတ်တဲ့ ကစားပွဲမှာ Holly Holm ၏ ကန်ချက်ကြောင့် ပထမအချီမှာတင် Knockout နဲ့ အရှုံးပေးခဲ့ရပြီး ချန်ပီယံခါးပတ် ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ အဆိုပါပွဲကြောင့် ကြာမြင့်စွာ ဆေးကုသမှုခံယူခဲ့ရပြီး ၁၃လ အချိန်ကြာမှ ပြန်လည် ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်ခဲ့တာပါ။
 
ယခုလာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ လက်ရှိချံပီယံ ဘရာဇီးကစားသမား Amanda Nunes နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  Ronda Rousey ဟာ ရန်ဆောင်မာန်ဆောင် ထိုးသတ်တတ်ပြီး လျှင်လျှင်မြန်မြန်နဲ့ ပထမအချီမှာတင် ပွဲသိမ်းတတ်သူဖြစ်ပြီး အမျိုးသမီးကစားသမားတွေထဲမှာတော့ အလွန်သတိထားရမယ့် ကစားသမားတစ်ဦးဖြစ်ပါတယ်။
 
သူမဟာ Fast & Furious 7 မှာလည်း ဆော်ဒီမင်းသားရဲ့ သက်တော်စောင့် အဖြစ်ပါဝင် ဗီလိန်နေရာက သရုပ်ဆောင်ထားခဲ့သူလည်းဖြစ်ပါတယ်။ UFC ရဲ့ ထိပ်တန်း အမျိုးသမီးကစားသမားတစ်ဦးဖြစ်တဲ့ Ronda Rousey က ဒီပွဲဟာ သူမရဲ့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ကစားပွဲဖြစ်မယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ပရိဿတ်တွေကတော့ သူမ အရှုံးပေးခဲ့ရတဲ့ Holly Holm နဲ့ ထပ်မံပြီး ယှဉ်ပြိုင်တာကို ကြည့်ချင်နေကြပါသေးတယ်။
 
 

22 Dec 2016     1,359 Views




RELATED

Most Popular of Boxing

Most Popular of NEWS